images
UN
UN
သတ္တိသွေးပြကြ
ထွန်းရှိန်သစ်(တောင်သာ) Monday, 09 July 2018
* ရွာအနောက်ခြမ်း
တောတန်းညိုမှောင် တောင်ညိုတန်းနား
လှည့်လည်သွားလျက် သားကောင်ရှာစား
သွေးဆာယားသည့် ကျားဆိုးတစ်ကောင်။
* ဟိန်းလိုက်ဟောက်လိုက်
သတ်လိုက်ဖြတ်လိုက်
တောတစ်ဝိုက်မှာ နေ့၌ည၌
အလစ်ငိုက်မှာ သားကောင်ရှာ၍
ရွာလုံးချောက်ချား သတိထားရ
သွားခက်လာခက် သွေးကြောင်ပျက်သည်
စိတ်လက်မအေး သွေးတလန့်လန့်
သတင်းပျံ့ခဲ့။
* ဟိန်းစမ်းဟောက်စမ်း
မကြောက်တမ်းဟေ့ ခြေလှမ်းရဲရဲ
ဓားလှံဆွဲ၍ ရွာထဲလူစုံ
အကုန်ထွက်ကာ ဖြိုခွင်းပါလျှင်
ဘယ်မှာသည်ကျား လွတ်အံ့နည်း။
* ညီညာစုရုံး အင်အားသုံးလျက်
လက်ရုံးရည်လှ သွေးရဲကြ၍
ထထကြွကြွ နိုးကြားကြ
ရန်ဟူသမျှ ချေမှုန်းကြ။