images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်
ဇော်မျိုးနိုင် Tuesday, 10 July 2018
တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့တွင် ယခုနှစ် ဇန်နဝါရီမှ မေအထိ သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံသို့တက်ရောက်ကုသ သူ ဝေဒနာရှင် ၄၂၉ ဦးအထိရှိပြီ ဖြစ်ကာ ပြီးခဲ့သည့်နှစ်ကထက် ဖြစ်ပွားသူဦးရေပိုမိုများပြားနေသဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးတိုးမြှင့် လုပ်ဆောင်လျက် ရှိရာ ယမန်နေ့ နံနက် ၉ နာရီက မြိတ်မြို့ အလက(၂)ကျောင်းရှိ ကျောင်းသားကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ် သတိပြုကာကွယ်ရေး ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကြောင့်ဖြစ်ပွားသော ရောဂါဖြစ်သဖြင့် ခြင်ပေါက်ဖွားမှုထိန်းချုပ်နိုင်ရေးအတွက် ရေ မြောင်းများ ရေစီးရေလာကောင်းအောင်ဆောင်ရွက်ရေးနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်မိရပ်ဖများပူးပေါင်းကာ ကျေးရွာရပ်ကွက်အလိုက် အဖွဲ့ခွဲဆောင် ရွက်ပေးလျက်ရှိကြောင်း မြိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။
မြိတ်မြို့တွင် ပြီးခဲ့သည့်၂ဝ၁၇ ခုနှစ်က သွေးလွန်တုပ်ကွေး ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ ၁၂၄ ဦးသာ ရှိခဲ့ပြီး သေဆုံးမှုမရှိခဲ့သော်လည်း ယခုနှစ်တွင် ဇန်နဝါရီမှ မေအထိ ၄၂၉ ဦးရှိခဲ့ကာ မြိတ်မြို့မှ သေဆုံးသူနှစ်ဦး၊ ပုလောမြို့တွင် တစ်ဦး၊ ကျွန်းစုမြို့နယ်တွင် တစ်ဦး စုစုပေါင်းလေးဦးအထိ သေဆုံးခဲ့ပြီး ရောဂါအဖြစ်အများဆုံးမှာ အသက်ဆယ်နှစ်အောက် ကလေးငယ်များဖြစ်သောကြောင့် မိဘရှင်များအနေဖြင့် ကလေး ငယ်များကို နေ့ခင်းနှင့် ညအိပ်ချိန်တွင် ခြင်ထောင်ဖြင့် အိပ်စေ ရန်၊ မိမိအိမ်ပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားနိုင်မည့် အခြေအနေ မျိုးမဖြစ်စေရေး အထူးဂရုစိုက်ရှင်းလင်းရန်နှင့် ရေဆိုးရေညစ် ခိုအောင်းနိုင်သောနေရာများ မရှိစေရေး ရေမြောင်းများ၊ ရေအိုင်များ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ရန်အတွက် ကျေးရွာ အလိုက် မော်တော်ယာဉ်များဖြင့် ညအချိန်လှည့်လှည်ကာ ဆော်သြ သတိပေးလျက်ရှိသည်။
၎င်းအပြင် ဝေါ်ဗွီရှင်(မြန်မာ) မှလည်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြိတ်မြို့ပေါ်ရှိ ကျေးရွာ၊ ရပ်ကွက်များသို့ ကွင်းဆင်းကာ အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။