images
UN
UN
ရက်သတ္တပတ်အတွင်း နေရပ်ပြန်ရန်အခက်တွေ့နေသည့် အထောက်အထားမဲ့မြန်မာအလုပ်သမားများ အလုပ်သမားသံအရာရှိရုံးသို့ အကူအညီတောင်းခံလာမှုပိုမိုများပြားလာ
မောင်စိန်ဝင်း Tuesday, 10 July 2018
ထိုင်းနိုင်ငံအစိုးရက ယခုလ မှစတင်၍ အထောက်အထားမဲ့ ရွှေ့ ပြောင်းအလုပ်သမားများအား ဖမ်း ဆီးစစ်ဆေးလျက်ရှိရာ အထောက် အထားမရှိသည့် မြန်မာအလုပ် သမားများအနေဖြင့် နေရပ်သို့ပြန် ကြရန်အတွက် အလုပ်သမားသံ အရာရှိရုံးသို့ ဆက်သွယ်အကူအညီ တောင်းခံမှုများရှိနေရာ ယခုရက် သတ္တပတ်အတွင်း ဆက်သွယ်အကူ အညီတောင်းခံလာမှု ပိုမိုများပြား လာကြောင်း မြို့တော်ဘန်ကောက် ရှိ အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ လာရောက်အကူအညီ တောင်းခံကြသည့် အလုပ်သမား များမှာ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်များမှဖြစ်ပြီး ဒေသခံပွဲစားများမှတစ်ဆင့် ထိုင်း နိုင်ငံသို့ တရားမဝင်နည်းလမ်း များဖြင့် ဝင်ရောက်လာကြခြင်း ဖြစ်ကာ အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများဖြစ်ကြောင်း သိရ သည်။
မြန်မာအလုပ်သမားများမှာ ထိုင်းနိုင်ငံသို့လာရောက်အလုပ်လုပ် ကိုင်ရန်အတွက် ဒေသခံပွဲစားဖြစ် သူ ဦးတင်အေးဆိုသူကို မြန်မာ ငွေကျပ် ငါးသောင်းပေးခဲ့ရပြီး ထိုင်းနိုင်ငံဘက်ခြမ်း၌ ပွဲစား ဖြစ်သူက ထိုင်းနိုင်ငံသုံးဘတ်ငွေ ၁၄ဝဝဝ တောင်းခံသဖြင့် အလုပ် သမားများက ပွဲစားအား ငွေဘတ် ၆ဝဝဝ ပေးခဲ့ရကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားပပျောက်စေရေးအ တွက် ထိုင်းအာဏာပိုင်များက နိုင်ငံ တစ်ဝန်း အလုပ်သမားစိစစ်ရေး လုပ်ဆောင်မှုများပြုလုပ်သည့်နေ့မှ စ၍ ဘန်ကောက်မြို့ရှိ မြန်မာအလုပ် သမားသံအရာရှိရုံးသို့ အကူအညီ တောင်းခံလာကြသော နေရပ်ပြန် ကြရန်အခက်အခဲတွေ့နေကြသည့် အထောက်အထားမဲ့မြန်မာအလုပ် သမားဦးရေမှာ စုစုပေါင်း ၂၅ ဦးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်လိုကြသည့် မြန်မာ အလုပ်သမားများအနေဖြင့် ပွဲစား (Broker)၏စကားကို ယုံကြည် ကြပြီး တရားမဝင်နည်းလမ်းများ ဖြင့် ထိုင်းနိုင်ငံသို့လာရောက် အ လုပ်လုပ်ကိုင်ပါက အလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ အဓမ္မလုပ်အား ခိုင်းစေခံရခြင်း၊ လူကုန်ကူးခံရခြင်း တို့ကို မလွဲမသွေတွေ့ကြုံရမည် ဖြစ်၍ တရားဝင်နည်းလမ်းဖြစ် သည့် MoU စနစ်ဖြင့်သာ ထိုင်း နိုင်ငံသို့ လာရောက်အလုပ်လုပ် ကိုင်ကြရန် လိုအပ်ကြောင်း အလုပ် သမားသံအရာရှိဦးစန်းမောင်ဦးက ဆက်လက်ပြောကြားသည်။