images
UN
UN
တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်
ထိန်လင်းအောင်(မြဝတီ) Tuesday, 10 July 2018
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ (၅)ရပ်ကွက် ရေပူ ကျေးရွာတွင် ယခုလ ၈ ရက် ည ၁ဝ နာရီခွဲက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေစီး ဆင်းခဲ့သဖြင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ်နှစ်လုံး မျောပါ ပျက်စီးခဲ့ပါသဖြင့် ကျားလေးဦး မ လေးဦး စုစုပေါင်းရှစ်ဦး ရေဘေး ဒဏ် ခံစားခဲ့ရကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူ များအား မြဝတီခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးဌေးကျော်၊မြဝတီ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဝေနှင့် တာဝန်ရှိသူ များ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ယမန်နေ့က ရေပူကျေးရွာအုပ်ချုပ် ရေးမှူးရုံးတွင် တစ်အိမ်ထောင် လျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၂ဝဝဝဝဝဖြင့် နှစ်အိမ်ထောင်စာ ငွေကျပ်၎ဝဝဝဝဝ၊ ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုးပါ ပလတ်စတစ်ပုံး နှစ်အိမ်ထောင်စာ၊ လူတစ်ဦးလျှင် ဆန်ရိက္ခာ ခုနစ်ရက်အတွက် လူ ရှစ်ဦးစာ ငွေကျပ် ၁၆၈ဝဝ ကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။