images
UN
UN
တရုတ်နိုင်ငံမှ ဝယ်ယူရာတွင် ဈေးချဝယ်ယူခြင်းနှင့် ပို့ဆောင်ရေးပိုင်းအခက်အခဲကြောင့် ပြည်ပပို့ ဆန်ဈေးနှုန်းကျ
ထက်မြက်(မန္တလေး) Tuesday, 10 July 2018
မန္တလေးတိုင်းဒေသကြီးအတွင်း မှ တင်ပို့လျက်ရှိသော ပြည်ပပို့ဆန် များကို တရုတ်နိုင်ငံက ဈေးချဝယ် ယူနေခြင်းနှင့် ပို့ဆောင်ရေးပိုင်း အခက်အခဲကြောင့် ပြည်ပပို့ ဆန် ဈေးနှုန်းများ ကျဆင်းနေကြောင်း ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။
''ပြည်ပပို့တဲ့ဆန်တွေက နယ် ပေါင်းစုံကဝင်နေပြီး တင်ပို့ချင်တဲ့ သူများတာကြောင့် တရုတ်ဝယ် လက်တွေက ဈေးနှုန်းကိုဆွဲချ တယ်။ သယ်ယူပို့ဆောင်ရေးပိုင်း မှာလည်း အဖမ်းအဆီးများနေတဲ့ အတွက် တင်ပို့ရတာအဆင်မပြေ ဘူး။ အဲဒီအတွက်ဈေးကကျနေ တယ်'' ဟု အဆိုပါကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြည်ပပို့ဆန်များကို အဓိက စိုက်ပျိုးနေသော စစ်ကိုင်း၊ မကွေး၊ ရမည်းသင်း စသည့်ဒေသများမှ လှိုင်လှိုင်ထွက်ရှိနေပြီး ပြည်ပပို့ဆန် ပိဿာချိန် ၃ဝ ဒသမ၇၅ တစ် အိတ်လျှင် ယခင်က ကျပ်၂၄ဝဝဝ မှ ယခုအခါ ကျပ်၂၂ဝဝဝ အထိ ကျ ဆင်းလျက်ရှိကြောင်း သိရသည်။
''နယ်စပ်ကိုပို့တဲ့အခါ လွယ် ဂျယ်လမ်းကြောင်းကလည်း ပိတ် နေတာ နှစ်လလောက်ကြာပြီ။ မူဆယ်လမ်းကြောင်းကလည်း အ ဖမ်းအဆီးများတဲ့အတွက်ကြောင့် တင်ပို့လို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့ဆီကို ရောင်းချင်တဲ့ သူတွေဖုန်းဆက်နေကြပေမယ့် မ ဝယ်နိုင်သေးပါဘူး''ဟု ၄င်းက ဆက်လက်ပြောသည်။
ပြည်ပပို့ဆန်များဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိ သော ၇၂, ၇၄၇၊ မကွေးတိုင်း ဒေသကြီးမှ ရက်ကိုးဆယ်စပါး၊ ရတနာကိုးသွယ်စပါး၊ စစ်ကိုင်းမှ ရေဆင်းသွယ်၊ ကူမဲမြို့နယ်မှ ရေဆင်း စသည်တို့မှာ ယခင်က ၃ဝ ဒသမ ၇၅ တစ်အိတ်လျှင် ကျပ် ၂၂ဝဝဝ ဖြင် ဈေးဖွင့်ထား ရှိကာ မန္တလေးကုန်သည်များက ဝယ်ယူမှု သိသာစွာ မလုပ်ဆောင် ကြကြောင်း သိရသည်။
လက်ရှိအနေအထားအရ ပြည်ပ ပို့ဆန်ဈေးနှုန်းမှာ အစိုးရမှ ကြားခံ ရောင်းချပေးခြင်း သို့မဟုတ် မူဝါဒ တစ်ခုခုပြောင်းလဲမှုမရှိလျှင် ဈေး နှုန်းအတက်ဘက်သို့ ဦးတည်ရန် မှာမဖြစ်နိုင်သေးကြောင်း ဆန်စပါး ကုန်သည်များက သုံးသပ်ကြသည်။