images
UN
UN
အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား
Tuesday, 10 July 2018
သာယာဝတီခရိုင် အုတ်ဖိုမြို့ နယ် လွှစင်ကျေးရွာအနီး မိုင်တိုင် အမှတ်(၁၁၄/၃) နှင့် (၁၁၄/၄) ကြား ရန်ကုန်-ပြည် ကားလမ်း ပေါ်၌ ယမန်နေ့ နံနက် ၁၁နာရီခွဲ တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ ပြည်ဘက်သို့ ငါးမိုးရိပ်ရပ်ကွက် ငါးမိုးရိပ်(၁)လမ်း သင်္ဃန်းကျွန်း မြို့နယ် ရန်ကုန်တိုင်းဒေသကြီး နေသူ ကိုအောင်စိုးမိုးလွင် မောင်း နှင်ပြီး ယာဉ်ပေါ်တွင် ဦးဝမ်းတင်၊ CB Bank အသက်အာမခံ လုပ် ငန်းမန်နေဂျာ၊ တိုက်(၃၅)၊ အခန်း (၅) ဝေဠုဝန်အိမ်ရာ စမ်းချောင်း မြို့နယ်နေသူ စီးနင်းလိုက်ပါလာ သောHILUH SURFအပြာ ရောင်ယာဉ်သည် လမ်းချော်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ခြမ်းရှိ သစ်ပင်အားဝင်တိုက်မိရာ ဦးဝမ်းတင်မှာ ယာပခုံးဖူးရောင် ဒဏ်ရာတစ်ချက်(မစိုးရိမ်ရ၊ အတွင်း လူနာ)ရရှိခဲ့ကြောင်းနှင့် ယာဉ်အား ပေါ့လျော့စွာမောင်းနှင်သူ ကိုအောင် စိုးမိုးလွင်အား အုတ်ဖိုမြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။