images
UN
UN
ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင်ရဦးမည့် ထပ်ဆင့်အကယ်ဒမီ မေသန်းနု
ဒဂုံဝေလင်း Tuesday, 10 July 2018
အနုပညာသက်တမ်း ၃၅ နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သည့် ထပ် ဆင့်အကယ်ဒမီများရှင် မေသန်းနု အနေဖြင့် ''ထာဝရအမေ'' ရုပ်ရှင် ဇာတ်ကားကြီးအပြီး မိဘမေတ္တာဖွဲ့ ဇာတ်ကားအဖြစ် ဒုတိယမြောက် ရိုက်ကူးရမည့် ''ဟစ်တိုင်'' ဟု အမည်ပေးထားသော ဇာတ်ကား ကြီးကို ရိုက်ကူးနေကြောင်း သိရ သည်။အဆိုပါဇာတ်ကားမှာ သျှင်မ ဝတ္ထုကို ''ဒါရိုက်တာဟိန်းစိုးက ပြန်လည်၍ရုပ်ရှင်အဖြစ်ရိုက်ကူး ပြီး သရုပ်ဆောင်အကယ်ဒမီအိန္ဒြာ ကျော်ဇင်၊ အကယ်ဒမီ မေသန်းနု၊ ပြည့်ပြည့်နှင့် အနုပညာရှင်များစွာ ပါဝင်ရိုက်ကူးမည်ဟုသိရသည်။
''ဟစ်တိုင်ဆိုတဲ့ ရုပ်ရှင်ကား ကြီးကို ဆင်ဖြူကျွန်းမှာသွားရိုက် ရမယ်။ မဆင့်က ကလေးသုံး ယောက်ရဲ့အမေပေါ့။ ချမ်းသာတဲ့ အတ္တတွေကြီးတဲ့မိခင်ပေါ့။ သား သမီးကိုချစ်တဲ့ဇောတွေနဲ့ပေါ့။ အဆင့်အတန်းခွဲတဲ့သူပေါ့။ သား သမီးကိုချစ်တဲ့ဇောဆိုတာ အဆင့် အတန်းမတူတဲ့ ကလေးမလေးနဲ့ မဖြစ်စေချင်ဘူးလေ။ အဓိကက ဒီကားရဲ့ရည်ရွယ်ချက်က သက် ငယ် မုဒိမ်းမှုပပျောက်ရေးကို ဦး တည်တာပါ။ အဲဒီထဲမှာ အူဝဲရဲ့ လူမမည်သမီးလေးနဲ့ ဇာတ်လမ်း ဆင်ထားတာပါ။ မဆင့်က အနု ပညာသက်တမ်း ၃၅ နှစ်ကျော်လာ ပြီဆိုတော့လည်း ကာရိုက်တာက အစုံလုပ်ခဲ့ပြီးပါပြီ။ အခုတော့ ထူးထူးထွေထွေတော့ အခက်အခဲ သိပ်မရှိဘူးပေါ့နော်။ကာရိုက်တာ တွေ ဘယ်လိုပဲထပ်ထပ် ဖြစ်လာ တဲ့ပေါ်မှာ မူတည်ပြီးတော့ ဖီလင် ယူပြီးလုပ်ရတာဆိုတော့ တစ်ကား နဲ့တစ်ကားကတော့ မတူပါဘူး။ ကိုယ့်ရဲ့ကြိုးစား အားထုတ်မှုနဲ့ ကိုယ့်ရဲ့လက်ရှိခံစားမှုနဲ့ တိုက်ဆိုင် တဲ့အခါကျ ပိုပြီးတော့အသက်ဝင် တာပေါ့နော်'' ဟု ပြောသည်။
အဆိုပါဇာတ်ကားသည် သက် ငယ်မုဒိမ်းမှုပပျောက်ရေးကိုအဓိက ထားရည်ရွယ်ရိုက်ကူးသော ပညာ ပေးဇာတ်ကားတစ်ကားဖြစ်ပြီး အဓိကဇာတ်ဆောင်မှာ အိန္ဒြာကျော် ဇင်ဖြစ်ပြီး ဒေါင်းနီအမည်ဖြင့် သာမန်အရပ်သူအမျိုးသမီးတစ်ဦး အသွင်ထည့်သွင်းထားပြီး အကယ် ဒမီ မေသန်းနုကတော့ ဒေါ်သင်း သင်း အမည်ဖြင့် ငွေရှိလူတန်းစား တစ်ယောက်အဖြစ် သရုပ်ဆောင် မည်ဟု သိရသည်။