images
UN
UN
ပရိသတ်တွေကို အချစ်ရေးနဲ့ပတ်သက်ပြီး တစ်ချိန်မှာ ဖွင့်ဟပြောဆိုမယ်ဆိုတဲ့ အကယ်ဒမီ နေတိုး
ဒဂုံဝေလင်း Tuesday, 10 July 2018
လူမှုကွန်ရက်စာမျက်နှာထက် တွင် ထွက်ပေါ်နေသည့် သတင်း များမှာ မဟုတ်မမှန်ကြောင်း မိမိ ရဲ့ တပည့်လည်းဖြစ်Rose Riderရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင် သရုပ်ဆောင်ထားသည့် မင်းသမီး ဖြစ်ကြောင်း တစ်ချိန်ချိန်တွင် မိမိ အချစ်ရေးနှင့်ပတ်သက်ပြီး ပရိ သတ်တွေကို ဖွင့်ဟပြောဆိုမှယုံကြ ပါလို့ ထပ်ဆင့်အကယ်ဒမီ နေတိုး က ပြောပါတယ်။
''အွန်လိုင်းမှာ တင်လိုက်တာ က မဟုတ်မမှန်တဲ့ သတင်းက ပျံ့နှံ့သွားမှာစိုးလို့ပါ။ ကိုယ့်ရဲ့ တပည့်လည်းဖြစ်နေတော့ Rose Rider ထဲက မင်းသမီးဖြစ်နေတဲ့ အတွက် ပရိသတ်တွေ မဟုတ်တဲ့ သတင်းကို ယုံသွားမှာစိုးလို့ပါ။ အစ်ကိုနာမည်နဲ့ Page အတုတွေ ရှိတယ်။ အဲဒီ Page အတုတွေက လည်း ဒီပုံတွေတင်တော့ တချို့ ပရိသတ်တွေက တကယ်ထင်သွား လို့ရှိရင် နှစ်ဦးနှစ်ဖက်လုံးနစ်နာ သွားမှာစိုးလို့ပါ။ပြီးတော့ ကျွန်တော့် ရဲ့ မဟုတ်မမှန်တဲ့ သတင်းတွေ ထွက်ပေါ်လာမှာစိုးလို့ ကျွန်တော် က ပရိသတ်ကို သတိပေးတဲ့ သဘောနဲ့ပါ။ပရိသတ်တွေကတော့ ကျွန်တော့်ရဲ့ အချစ်ရေးကိုလည်း သိချင်ကြတယ်။ ကျွန်တော်လည်း အချစ်ရေးတွေအကြောင်း အင်တာ ဗျူးတွေပဲ ဖြေနေရတာဆိုတော့ ကျွန်တော်ကိုယ်တိုင် ဖွင့်ဟမှပဲ ပရိသတ်ကို သိစေချင်ပါတယ်။ အခု ထွက်ပေါ်နေတဲ့ သတင်းက မဟုတ်ပါဘူး။ ကျွန်တော်ကိုယ် တိုင် ပရိသတ်တွေကို ဖွင့်ဟပြော ဆိုမှ ယုံကြပါလို့ ပြောချင်ပါ တယ်''ဟု အကယ်ဒမီနေတိုးက ပြောသည်။
လတ်တလော အနုပညာလှုပ် ရှားမှုအနေဖြင့် နိုင်ငံကြီးသား ဇာတ်ကားကို ရိုက်ကူးလျက်ရှိ ပြီး လာမည့် ဇူလိုင် ၁၃ရက်မှ စတင်ပြီး ဒါရိုက်တာ-သြရသ ရိုက်ကူးထားသည့် တိမ်တိုက် တံတားရုပ်ရှင်ဇာတ်ကားကို တစ် နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီး များတွင် ပြသမှာဖြစ်တဲ့အတွက် ပရိသတ်များလာရောက် အားပေး စေလိုကြောင်း ၄င်းက ဖြည့်စွက် ပြောခဲ့ပါတယ်။