images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
၁၉၄၇ ခုနှစ် ပင်လုံညီလာခံလေ့လာချက်(၂) ပင်လုံညီလာခံ ပင်လုံစာချုပ်နှင့် တောင်တန်းဒေသစုံစမ်းရေးအဖွဲ့
ဗညားဝင်း(ဘုရင့်နောင်) Tuesday, 10 July 2018
ပင်လုံညီလာခံဖြစ်ပေါ်လာပုံအဆင့်ဆင့်
ရှမ်းပြည်နယ်တွင် ၁၉၄၅ ခုနှစ်ကုန် ပိုင်း၌ မိုင်းပွန်စော်ဘွားကြီး၏ မဟာဒေဝီ ဈာပန၌ ရှမ်းစော်ဘွားများ ဆုံဆည်းမိ ကြသောအခါ ရှမ်းပြည်နယ်၏ အနာဂတ် အရေး ဆွေးနွေးခဲ့ကြလျက် စော်ဘွား များ၏ပထမဆုံးအစည်းအဝေးကို ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မိုင်း ကိုင်မြို့တွင် အစည်းအဝေး ပြုလုပ်ခဲ့ သည်။ ၄င်းအစည်းအဝေး၌ 'ရှမ်းပြည် စဝ်ဖကောင်စီ (Council of Shan States Saophas) ဖွဲ့စည်းပြီး၊ ပေါ်လစီရေးရာ များ ဆောင်ရွက်ရန် 'စဝ်ဖများကောင်စီ အလုပ်အမှုဆောင်ကော်မတီ'ကို အာဏာ အပ်နှင်းရန်နှင့် ပင်လုံတွင် စော်ဘွားများ ထပ်မံစည်းဝေးကာ စဝ်ဖများကောင်စီ ဖွဲ့ရန် သဘောတူခဲ့ကြပါသည်။
ပင်လုံအစည်းအဝေး ၁၉၄၆ ကို စော်ဘွားများ၏ ဒုတိယအကြိမ် အစည်း အဝေးအဖြစ် ၁၉၄၆ ခုနှစ် မတ်လ ၂ဝ ရက်နေ့မှ၂၈ရက်နေ့အထိ ပင်လုံ၌ ကျင်းပခဲ့သည်။ ၄င်းအစည်းအဝေး၏ အဓိကပန်းတိုင်မှာ Frontier Areas Regulation(1946)ခေါ် နယ်ခြားဒေသ များ ဆိုင်ရာ စည်းမျဉ်းဥပဒေကို မြန်မာ ပြည်ဘုရင်ခံရှေ့မှောက်တွင် ရှမ်း၊ ကချင်၊ ချင်းနှင့်ကရင်နီနယ်အကြီးအကဲ၊စော်ဘွား မြို့စားတို့က အတည်ပြုလက်ခံသည်ကို တရားဝင်လက်မှတ်ရေးထိုး ကြေညာရန် ဖြစ်သည်။ (ဦးအုန်းဖေ၊ ပင်လုံစစ်တမ်း၊ ၂ဝ၁၃ ခုနှစ်)၊ အစည်းအဝေးတက်ရန် ဘုရင်ခံအား ဖိတ်ကြားခဲ့သော်လည်း ဘုရင်ခံဖျားနေ၍ မတက်ဖြစ်ပေ။ ဗိုလ် ချုပ်အောင်ဆန်းကိုလည်းနိုင်ငံခေါင်းဆောင် အဖြစ်ဖိတ်ကြားခဲ့သည်။ ဗိုလ်ချုပ်အောင် ဆန်း ရခိုင်ခရီးစဉ်ရှိ၍ ဖ.ဆ.ပ.လ မှ သခင်နု၊ ဦးဗဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြသည်။
ပင်လုံအစည်းအဝေးတွင် ဖွဲ့စည်းခဲ့ သော ရှမ်းပြည် စဝ်ဖများကောင်စီ အစည်းအဝေး (နယ်ရှင်များ အသင်း အစည်းအဝေး)ကို ၁၉၄၆ ခုနှစ် ဇူလိုင် ၂၁ရက်မှ ၂၇ရက်နေ့အထိ တောင်ကြီး၌ ကျင်းပခဲ့ရာ နယ်ခြားဒေသအုပ်ချုပ်ရေး ဌာန ဒုတိယညွှန်ကြားရေးဝန် မစ္စတာ လေဒင် (J.L.Leyden) တက်ရောက်ပြီး အထူး လျှို့ဝှက်သိပ်သည်းစွာ ကျင်းပ သော အစည်းအဝေးဖြစ်ခဲ့သည်၊ 'ရှမ်း ပြည် စဝ်ဖများကောင်စီ အမှုဆောင် ကော်မတီ'ဖွဲ့စည်းခဲ့သည်။
အစည်းအဝေး ဆုံးဖြတ်ချက်များ ဘုရင်ခံထံ ပေးပို့ခဲ့ရာ တွင် အဆို(၇)တွင် ''လူမျိုးအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူကို အခြေခံထားပြီး ကချင်၊ ချင်း၊ ကရင်တို့နှင့်ပူးပေါင်းရေး ကို ကြိုဆိုသော်လည်းဗမာတို့နှင့်ပေါင်း စည်းရေးကိုနောက်နောင်မှစဉ်းစားရန်'' ဟု ပါဝင်ခဲ့ကြောင်း တွေ့ရပါသည်။
ဖ.ဆ.ပ.လအဖွဲ့ချုပ်သည် ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အရေး ကြီးသော ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ''ဗြိတိသျှ အစိုးရ သည် ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဗမာပြည်ကို လုံးဝ လွတ်လပ်ရေးတစ်နှစ်အတွင်းရပါ စေမည်ဟု အတိအကျကြေညာရန်၊ သို့မဟုတ်လျှင် ၁၉၄၇ခုနှစ်ဇန်နဝါရီ ၃၁ ရက်နေ့တွင်ဖ.ဆ.ပ.လ ကိုယ်စားလှယ် များ အစိုးရအဖွဲ့မှ နှုတ်ထွက်လာရန်'' ဟူ၍ဖြစ်ရာ ဗြိတိသျှအစိုးရအား အမြင့် ဆုံး တွန်းအားပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံဘုရင်ခံ၏ နယ်ခြားဒေသ အုပ်ချုပ်ရေးဌာန ညွှန်ကြားရေးဝန်က လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက် ပိုင်း၊ အရေးပိုင်းများကို ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ''ကမ္ဗောဇ ပဒေသရာဇ်ကောင်စီအစည်းအဝေးအား ၁၅-၂-၁၉၄၇ မှ ၂၅-၂-၁၉၄၇ အထိ ကျင်းပရန် ဘုရင်ခံသဘောထား ရှိ၍ ပြန်ကြားရန်'' ညွှန်ကြားခဲ့ပြီး ဖြစ် ကြောင်း တွေ့ရပါသည်။
ပင်လုံ အစည်းအဝေးများသည် ဗြိတိသျှ ကိုလိုနီအစိုးရနှင့် ပြည်နယ်၊ တောင်တန်းဒေသများပါသော ခြွင်းချန် နယ်မြေများမှ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးရန် စီမံထားသော အစည်းအဝေး ဖြစ်ပါသည်။ ပြောင်းလဲလာသော နိုင်ငံ ရေးအခြေအနေအရ ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော 'ရှမ်းပြည်ကောင်စီ အမှု ဆောင်အဖွဲ့'ကို ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီ ၉ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ၆-၂-၁၉၄၇တွင် 'ပဒေသရာဇ်ကောင်စီ' ဖျက်သိမ်းရန် နယ်ခြားဒေသ အုပ်ချုပ် ရေးဌာနသို့ တင်ပြပြီးနောက် ဆောင်ရွက် ခဲ့ကြခြင်းဖြစ်ပါသည်။ဤပင်လုံ အစည်း အဝေးများ အခြေခံလျက် အောင်ဆန်း အက်တလီစာချုပ်ပါ ''ရှမ်းပြည်နှင့် တောင်တန်းဒေသသားများ၏ မြန်မာ နိုင်ငံ အစိုးရနှင့် ပူးတွဲပေါင်းဖက်ပုံနှင့် ပတ်သက်၍ မိမိတို့လက်ခံနိုင်မည့် တင်ပြ ချက်များ ထုတ်ဖော်ပြောဆိုရန် ပင်လုံ ကွန်ဖရင့် သို့မဟုတ် ဤကိစ္စအလို့ငှာ ကျင်းပမည့် အထူးကွန်ဖရင့်အဖြစ် အသုံး ပြုခဲ့ကြောင်း တွေ့ရသည်။

၁၉၄၇ ခုနှစ် ပင်လုံညီလာခံကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကျင်းပခဲ့ပါသည်။ ဗိုလ်ချုပ် အောင်ဆန်းသည်ဖေဖော်ဝါရီလ၈ ရက်နေ့ ညနေ ၆နာရီတွင်လည်းကောင်း၊ ဗြိတိသျှ အစိုးရဘက်မှ 'ဘော့တွမ်လေ'နှင့်အဖွဲ့ သည်ဖေဖော်ဝါရီလ ၉ရက်နေ့ နံနက်တွင် လည်းကောင်း ရောက်ရှိကြသဖြင့် အောင် ဆန်း-အက်တလီစာချုပ်အရ ဆွေးနွေး သော ပင်လုံညီလာခံသည် ဖေဖော်ဝါရီ ၉ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖြစ်သည်ဟု သတ်မှတ်နိုင်ပေသည်။
ပင်လုံညီလာခံ၌ အောင်ဆန်း-အက်တလီစာချုပ် အခြေခံသော ဆွေးနွေးချက်များ
၉-၂-၁၉၄၇ နေ့
ဗြိတိသျှတို့၏ ဒိုမီနီယမ် အတွင်း ဝန်ကလေး မစ္စတာဘော့တွမ်လေ၊ ဆာမောင်ကြီး၊ ဝန်ကြီး ဦးအောင်ဇံ ဝေနှင့် အမေရိကန် ကောင်စစ်ဝန်တို့ ရောက်ရှိလာခဲ့ရာ၊ အစည်းအဝေးကြီး ကို ၁၁ နာရီတွင် စတင်ကျင်းပခဲ့ပါ သည်။ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံ အစည်းအဝေးသို့ လာရောက်ရသည့် အကြောင်း ရှင်းပြရာတွင် ''ရှမ်း ပြည်လည်း လွတ်လပ်ရေး ရယူလို လျှင် မြန်မာပြည်နှင့် ပူးပေါင်းပါက မြန်မာပြည် လွတ်လပ်သည်နှင့် ရှမ်း ပြည် လွတ်လပ်မည်ဖြစ်ကြောင်း'' စသည်ဖြင့် တစ်နာရီကျော် ရှင်း လင်းပြောကြားခဲ့သည်။ ၇-၂-၁၉၄၇ နေ့က ဖွဲ့စည်းခဲ့သည့် ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များလည်း ပါဝင် သော 'တောင်တန်းသားများ စည်း လုံး ညီညွတ်ရေးဦးစီးအဖွဲ့(Supreme Council of United Hill Peoples)က ကိုယ်စားလှယ်တချို့ သည် မြန်မာပြည်နှင့် ပူးပေါင်း မပူး ပေါင်းဆုံးဖြတ်ချက်မချဘဲ တောင်း ဆိုချက်များကိုသာ ငြင်းခုန်နေခဲ့ကြ သည်။ ရှမ်းပြည်နယ်လွတ်လပ်ရေး အဖွဲ့ချုပ် (ရ.ပ.လ) ဥက္ကဋ္ဌ ပင်းဒယ ဦးခွန်စောက မြန်မာပြည်နှင့် ပူးပေါင်း ရန် အဆို တင်သွင်းမှ ထောက်ခံသူ များပြီး 'မြန်မာပြည်နှင့် ပူးပေါင်း မည်'ဟု ဆုံးဖြတ်ချက် ချနိုင်ခဲ့သည်။
၁ဝ-၂-၁၉၄၇ နေ့
'တောင်တန်းသားစည်းလုံးညီညွတ် ရေးအဖွဲ့'မှ ပင်လုံစာချုပ် ချုပ်ဆိုရေး ဆုံးဖြတ်ချက်မချဘဲ ၄င်းတို့ လိုလား ချက်များကိုသာ မလျှော့တမ်းတောင်းဆို ခဲ့ကြသည်-
- အဓိကပြဿနာတစ်ခုမှာ ကချင်ပြည် နယ်ထူထောင်ရေးကိစ္စဖြစ်သည်။ ကချင်ပြည်နယ်ထူထောင်မည်ဆိုပါက ဗန်းမော်နှင့် မြစ်ကြီးနားခရိုင်ပါမှ ပြည် နယ်တစ်ခုဖြစ်နိုင်သည်။ ဗန်းမော်နှင့် မြစ်ကြီးနားခရိုင်တွင် နေထိုင်သူ အများစုမှာ ကချင်များမဟုတ်ဘဲ ဗမာ၊ ရှမ်းနှင့်ရှမ်းတရုတ်များဖြစ်နေ သည့်အပြင်အပိုင်း(၂)ဇယားဝင်းဒေသ အတွင်း ပါဝင်သော ဗန်းမော်နှင့် မြစ်ကြီးနား ခရိုင်တို့ကို ကချင်ပြည် နယ်အတွင်း သွတ်သွင်းရေးကို ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်ရေးမှ ဥပဒေက တားမြစ်ထားသည်။ ဆွေး နွေးပွဲ၌ မြစ်ကြီးနား၊ ဗန်းမော်ပါဝင် သည့် ကချင်ပြည်နယ် ရရှိရေးကိုသာ ဒူဝါဇော်လွန်းက တောင်းဆိုနေသည်။
- ညောင်ရွှေစော်ဘွားကြီးပါဝင်သော စော်ဘွားကြီးများကလည်း ညှိညှိ နှိုင်းနှိုင်း အပေးအယူပြုလုပ်လိုသော သဘောထား မရှိကြောင်း တွေ့ရသော အခါ ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်သို့ ပြန်ရန် လေယာဉ် စီစဉ် ခိုင်းသည်အထိ စိတ်ပျက်သွားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်ပြန် မည့်သတင်း ပတ်ဝန်းကျင်သို့ ချက်ချင်း ပျံ့သွားသောအခါ မိုင်းပွန်စော်ဘွားကြီး နှင့်ညောင်ရွှေစော်ဘွားကြီးတို့က ဗိုလ်ချုပ် အောင်ဆန်းမပြန်ရေး ဖျောင်းဖျပေးရန် ဦးဖေခင်နှင့် ဗိုလ်ထွန်းလှတို့ကို ပြောကြ သည်။ ၄င်းနောက် ညနေပိုင်းတွင် ညောင်ရွှေစော်ဘွား အမှူးပြုသော 'တောင်တန်းသားစည်းလုံးညီညွတ်ရေး အဖွဲ့'က ဗိုလ်ချုပ်အောင်ဆန်းအား ထပ်မံ တင်ပြရန်အဆိုများ ပြင်ဆင်ရေးဆွဲနေပြီ ဖြစ်ကြောင်းကြားသိရသောအခါ ဗိုလ်ချုပ် အောင်ဆန်းသည် သက်ပြင်းချနိုင်တော့ သည်။
ဗိုလ်ချုပ်အောင်ဆန်း၏တဲတွင် ရှမ်း၊ ကချင်၊ ချင်းတို့နောက်ဆုံးတင်ပြချက်များ ကိုဆွေးနွေးကြသည်။ ပြင်ဆင်သင့်သည် များကို နှစ်ဦးနှစ်ဖက်သဘောတူ ပြင်ဆင် ကြသည်။ ၁ဝ-၂-၁၉၄၇ ညနေပိုင်းတွင် ပင်လုံစာချုပ်၏ အခြေခံဖြစ်သော သဘော တူညီချက်များကို ရရှိခဲ့ကြသည်။ (ဦးအုန်း ဖေ-ပင်လုံစစ်တမ်း(၂ဝ၁၃) စာမျက်နှာ (၄၂၁) အရ-
- ကချင်ပြည်နယ် ထူထောင်ပေးရန် မူအားဖြင့် သဘောတူကြောင်း စာချုပ် တွင်ဖော်ပြထားမည်ဟု မြန်မာ ကိုယ် စားလှယ်ဘက်က လိုက်လျောသဖြင့် ကချင် ကိုယ်စားလှယ်များ ကျေနပ် လက်ခံသွားကြသည်။
- အောင်ဆန်း-အက်တလီ စာချုပ်နှင့် ပတ်သက်၍ ထောက်ခံသည် (သို့ မဟုတ်)ကန့်ကွက်သည်ကိုတစ်စုံတစ်ရာ မဖော်ပြဘဲချန်ထားရန်သဘောတူကြသည်။
- လွတ်လပ်ရေးရပြီးနောက် ခွဲထွက်ခွင့် ကိစ္စကို တိုင်းပြုပြည်ပြု လွှတ်တော် တွင် စဉ်းစားရန် သဘောတူကြသည်။
- အမှုဆောင်ဝန်ကြီး သုံးဦးပေးရန် ကိစ္စ မှာ လက်ရှိမြန်မာပြည်အက်ဥပဒေအရ မဖြစ်နိုင်ပေ၊ နယ်ခြားဒေသဆိုင်ရာ ဝန်ကြီးရာထူးတစ်ခုသာရှိသဖြင့် တစ်ဦး ကို ဝန်ကြီးခန့်ပြီး ကျန်နှစ်ဦးကို မိမိတို့ ဒေသအတွင်း အာဏာပိုင်အဖြစ် ဒု ဝန်ကြီးခန့်မည်၊ အစည်းအဝေးများ တွင်မူတန်းတူအခွင့်အရေးဖြင့် တက် ရောက်ခွင့်ပြုမည်။
၁၁-၂-၁၉၄၇
နံနက် ၁၁ နာရီတွင် မိုင်းပွန် စော်ဘွားကြီး၊ လင်းခေးဦးထွန်းမြင့်နှင့် ဦးဖေခင်တို့က ကော်မတီ၏ နောက်ဆုံး ပြင်ဆင်ပြီးသော စာချုပ်မူကြမ်း သုံး စောင်ကို ဗိုလ်ချုပ်အောင်ဆန်းထံတင်ပြ ခဲ့ကြသည်။