images
UN
UN
အောင်မြင်မှုရလို၍ ဂျူဗင်တပ်သို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု အမ်မရီကန်ပြော
Tuesday, 10 July 2018
ဂျူဗင်တပ်သို့ ပြောင်းရွှေ့ခဲ့သည့်အမ်မရီကန်က အောင်မြင်မှုရလို၍ အီတလီကလပ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမ်မရီကန်သည် လီဗာပူးတွင် အဓိကကစားသမားအဖြစ် နေရာရရှိ နေသော်လည်း စာချုပ်သက်တမ်း ထပ်မတိုးတော့ဘဲ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
''ဂျူဗင်တပ်က ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မှာ ကျွန်တော့်ကို တောက်လျှောက်ဆက်သွယ်ခဲ့တဲ့ အသင်းပါ။ ဂျူဗင်တပ်ကိုရွေးချယ်ခဲ့တာက ဆုဖလား စိန်ခေါ်နိုင်မှုအခွင့်အရေးများတဲ့အပြင် သူတို့ရဲ့ရည် ရွယ်ချက်ကလည်း မြင့်မားတာကြောင့်ပါ''ဟု အမ် မရီကန်က ပြောကြားခဲ့သည်။ အမ်မရီကန်သည် ပြီး ခဲ့သော တနင်္လာနေ့က ဂျူဗင်တပ်နှင့်တရားဝင် မိတ် ဆက်ခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၁၃၅ဝဝဝ ဖြင့် လေးနှစ်စာချုပ်ခဲ့သည်။ Ref ;Reuters