images
UN
UN
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ မုဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ
Tuesday, 10 July 2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီတွင် ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက မုဒုံမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ပါတီ ဗဟို၏လမ်းညွှန်ချက်များ၊ ပါတီကော်မတီ ဝင်များအနေဖြင့် စုစည်းညီညာစွာဖြင့် ပါတီစည်းရုံးရေးလုပ်ငန်းများဆောင်ရွက် ကြရန်နှင့် ပါတီဝင်များအနေဖြင့် ပါတီ၏ မူဝါဒများအား လေ့လာကြရန်၊ ပါတီ မျက်နှာကိုသာကြည့်ပြီး ညီညွတ်စွာဆောင် ရွက်ကြရန်၊ မြို့နယ်ပါတီအဆင့်ဆင့်တွင် တာဝန်ယူကြသော ပါတီကော်မတီဝင်များ အနေဖြင့်တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ မော်လမြိုင်ခရိုင်ပါတီ ဥက္ကဋ္ဌဦးစိုးထွန်းက ပါတီကော်မတီဝင်များ အနေဖြင့် ပါတီတာဝန်များအား ကျေပွန်စွာ ဆောင်ရွက်ကြရန်၊ လူငယ်များသည် နောင် တစ်ချိန်တွင် ပါတီတာဝန်များအား လွှဲ ပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများ ဖြစ်၍ အားပေးအားမြှောက်ပြုရန်လိုကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပါတီအတွင်းရေးမှူး (ယာယီ) ဦးရွှေသွေးမောင်က မြို့နယ်ပါတီ ၏လုပ်ဆောင်ချက်များ၊ ရှေ့ဆက် ဆောင် ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ သည်။
ယင်းနောက် တက်ရောက်လာကြသော ရပ်/ကျေးပါတီဥက္ကဋ္ဌများမှ မိမိတို့ကျေးရွာ အုပ်စု၏ ပကတိအခြေအနေမှန်များအား တင်ပြဆွေးနွေးရာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ပါတီ ကော်မတီဝင်ဦးဇော်မြင့်၊ မော်လမြိုင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်ပါတီကော် မတီဝင်ဦးမင်းအောင်မြင့်၊ မုဒုံမြို့နယ်ပါတီ အတွင်းရေးမှူး(ယာယီ) ဦးရွှေသွေးမောင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ် လူငယ်များနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် တွေ့ဆုံပွဲပြီးမြောက်ခဲ့သည်။