images
UN
UN
အို... မိုးရယ်(ကဗျာ)
သက်နိုင်(ကြို့ပင်ကောက်) Tuesday, 10 July 2018
* နေသာတုန်း
ဗြုန်းခနဲမည်း တဖွဲဖွဲမှ
သည်းသည်းစွေကာ ရွာချတဲ့မိုး။
* ပျိုးကြဲပြီးမှ
ရွာချတဲ့မိုး မျိုးတွေဆုံးပါး
ပျက်စီးသွားပေါ့။
* နေသာတဲ့ရက်
စောင့်လျက်မျှော်ကိုး နောက်ပျိုးကြဲပက်
အညှောက်ထွက်မှ
တက်လာတဲ့ရေ ရက်ကြာနေတော့
ပျိုးပင်တွေပြုန်း ရွှံ့နွံဖုံးပေါ့။
* ဟော..မိုး..မိုး..မိုး..မိုး
ဘယ်အငြိုးနဲ့ မိုးရယ် မိုးရယ်
ကယ်တင်မယောင် လှောင်သလိုမျိုး
မုန်းမာန်ပျိုးထင့်
ကံဆိုးမသွားရာ ရွာချတဲ့မိုး
ကိုးရာမမြင်။
* အခါမီရက် ရာသီတွက်လို့
ထွန်ယက်မဆုံး စိုက်မဆုံးနဲ့
မဆုံးတဲ့ဇာတ်ကြောင်း ကောင်းကွက်မဖန်
ကံကြမ္မာမွဲ ခံရဆဲ။
* ဟော...အနောက်တောင်မှာ
ချုန်းထစ်လာပြီ
အုံ့ကာလေ တဖွဲဖွဲ
ရွာလေ...မစဲပဲ။