images
UN
UN
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး မင်းဘူး(စကု)မြို့နယ် မင်းရွာကျေးရွာပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့တက်ရောက်
နဒီ Tuesday, 10 July 2018
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မင်းရွာကျေးရွာအုပ်စု၌ ပါတီဝင်သစ်များ အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး မကွေးတိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ မကွေးတိုင်းဒေသကြီး ပါတီအတွင်းရေး မှူး ဦးဆန်းညွန့်အောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ စုစုပေါင်းအင်အား ၄ဝဝ ခန့် တက်ရောက်ခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်အလံလေးပြု ၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့် လှစ်ခဲ့ကြသည်။ ထို့နောက် မင်းရွာကျေးရွာ မှ ဦးမောင်မောင်က ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်း လင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပါတီဝင်သစ်တစ်ဦးက ပါတီဝင်သစ်များ ကိုယ်စား ပါတီဝင်အဆိုပြုလွှာ ၃ဝဝ ကို စုပေါင်း၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ဝင်း မြင့်ကိုပေးအပ်ပြီးပါတီဝင်တစ်ဦးကပါတီဝင် နှစ်စဉ်ကြေး ငွေကျပ်သုံးသိန်းကို မြို့နယ် ပါတီကော်မတီဝင်(ဘဏ္ဍာရေးမှူး) ဦးပန်း စိန်အား ပေးအပ်ခဲ့သည်။
အခမ်းအနားတွင်အစီအစဉ်အရ ပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးက တက် ရောက်လာသူများနှင့် ပါတီဝင်သစ်များအား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြား ခဲ့သည်။ တိုင်းဒေသကြီး ပါတီကော်မတီ ဦးဟန်မောင်ကပါတီဝင်သစ်များသိသင့်သော အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်က ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခဲ့ သောဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသော ပြည်သူ့အကျိုးပြု လုပ်ငန်းများအခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပါတီဝင်အဆိုပြုလွှာစုပေါင်း ပေးအပ်၍ အခမ်းအနားကို ပါတီဂုဏ်ပြု တေးသီချင်းသီဆိုကာ နံနက် ၁၁ နာရီ ၄၅မိနစ်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ သည်။ အဆိုပါအခမ်းအနားသို့ ပါတီဗဟို အတွင်းရေးမှူး၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူးတို့နှင့်အတူ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင် ပါတီအတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့်ခရိုင် ကော်မတီများ၊ မြို့နယ်ဥက္ကဋ္ဌနှင့်မြို့နယ် ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌ များနှင့် ပါတီဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။