images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
နတ်မောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေး
လှဝင်း(နတ်မောက်) Tuesday, 10 July 2018
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး တွင် ကျင်းပခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေး တွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇော် လတ်မိုးက မြို့နယ်ပါတီကော်မတီ ဝင်များအား ရှေ့လုပ်ဆောင်ရမည့် လုပ်ငန်းများကို အားအပြည့်ထည့်၍ ပါတီ၏မူဝါဒနှင့် တည်ဆဲတရား ဥပဒေများလိုက်နာပြီး ဆောင်ရွက် ပေးရန်မှာကြားခြင်းနှင့် အတွင်းရေး မှူးဒေါ်အေးမာကြူက ပါတီ၏ မူ ဝါဒနဲ့အညီ တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီနှင့်ခရိုင်ပါတီတို့က လမ်း ညွှန်ချက်များ ပေါ်ပေါက်လာသည့် အခါ အရေးကြီးလျှင်ကြီးသလို လုပ် ဆောင်ကြရန်၊ မီဒီယာအခန်းကဏ္ဍ သည်လည်း အရေးကြီးသည့်အတွက် နားမျက်စိဖွင့်ထားကြရန်၊ မိမိတို့ ပါတီဝင်များအနေဖြင့် ဒေသခံပြည်သူ များနှင့်ရင်းနှီးမှုရှိ၍ ပူးပေါင်းဆောင် ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များမှ သိလို သည်များကို အသီးသီးတင်ပြဆွေး နွေးခဲ့ကြရာ မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။