images
UN
UN
ဖျော်ဖြေရေးဝန်ဆောင်မှုဖြစ်သည့်iflixက ဈေးကွက်အတွင်းဦးဆောင်မှုကိုမြှင့်တင်လုပ်ဆောင်မည်
ခိုင်မာ Wednesday, 11 July 2018
ဖွံ့ဖြိုးတိုးတက်ဆဲဈေးကွက် များတွင် ကမ္ဘာ့ထိပ်တန်းဦးဆောင် ဖျော်ဖြေရေးဝန်ဆောင်မှု iflix က မြန်မာနိုင်ငံအတွက် ဦးဆောင်သူ အသစ်အာကာကျော်ကို ထပ်မံခန့် အပ်၍ ကုမ္ပဏီ၏ ဈေးကွက်ချဲ့ထွင် ရေး၊ စီမံခန့်ခွဲရေးနှင့် လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးများကို ပိုမိုမြှင့်တင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ကြေညာသည်။
အာကာကျော်သည်iflix မြန်မာကို ဦးဆောင်သူတစ်ဦးအနေ ဖြင့် မြန်မာနိုင်ငံ၏ ဖျော်ဖြေရေး ကဏ္ဍအသုံးပြုမှုကို iflix က ဆက်လက်ဦးဆောင်နိုင်ရေး၊ နိုင်ငံ တကာစားသုံးကုန်ကုမ္ပဏီကြီးများ၊ အစိုးရအရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်တွင်းစတူဒီယိုများ၊ လုပ်ငန်း ကွန်ရက်များနှင့် ပူးပေါင်းဆောင် ရွက်ခြင်းများကို လုပ်ဆောင်သွား မည်ဖြစ်သည်။
iflix ၏ Co-Founder and Group CEO ဖြစ်သူ Mark Britt က ''အာကာရဲ့ မိတ်ဖက်လုပ်ငန်း တွေနဲ့ လက်တွဲလုပ်ဆောင်ခြင်း အတွေ့အကြုံတွေက ကျွန်တော်တို့ ဝန်ဆောင်မှုကို အသုံးပြုသူတွေ အဆင်ပြေပြေအသုံးပြုနိုင်ရေး အတွက် အရေးပါပါတယ်။နောက် ပြီး ကျွန်တော်တို့ရဲ့လက်ရှိထူးချွန် ထက်မြက်ပြီး ပါရမီရှင်တွေနဲ့ဖွဲ့ စည်းထားတဲ့ iflix မိသားစုထဲကို အကောင်းမွန်ဆုံး ထပ်မံအားဖြည့် လိုက်တာဖြစ်တဲ့အတွက် အာကာ့ ကို ကြိုဆိုဖို့အားလုံးက စိတ်လှုပ် ရှားပျော်ရွှင်နေကြပါတယ်''ဟု ပြောကြားသည်။
အာကာက ပြောကြားရာတွင် ''ကျွန်တော့်အနေနဲ့ iflix ဖွင့်လှစ် ထားတဲ့ဈေးကွက်တွေထဲကမှအလျင် အမြန်ဖွံ့ဖြိုးတိုးတက်နေတဲ့ iflix မြန်မာကိုဦးဆောင်ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ မြန်မာပြည်မှာ သမားရိုးကျဖျော်ဖြေ ရေးနဲ့ မီဒီယာလုပ်ငန်းတွေကို တစ်ဖန်ထပ်မံဆန်းသစ်ဖို့နဲ့ မြန်မာ ပြည်တစ်ဝန်းက ပြည်သူတွေဆီ အကောင်းမွန်ဆုံး ဝန်ဆောင်မှုကို ပေးအပ်နိုင်မည့် အံ့မခန်းလောက် အောင်ကောင်းတဲ့ အခွင့်အလမ်း တွေရှိနေပါတယ်။ ထူးချွန်ပြီး တက်တက်ကြွကြွလုပ်ဆောင်ကြ တဲ့ iflix က လူတွေနဲ့လက်တွဲ လုပ်ဆောင်ရမည့်အတွက်ရော ဒီထက်မက ပိုမိုအောင်မြင်အောင် လည်း လုပ်ဆောင်သွားဖို့ရော အရမ်းစိတ်လှုပ်ရှားနေပါတယ်''ဟု ပြောသည်။
ယခုအခါတွင် အာရှ၊ အရှေ့ အလယ်ပိုင်းနှင့် အာဖရိကတို့ရှိ လူပေါင်းတစ်ဘီလီယံကျော်အတွက် ရရှိနေပြီဖြစ်သည့် iflix သည် ဗီဒီယိုတိုက်ရိုက်ကြည့်ရှုမှုနယ်ပယ် တွင် ဈေးကွက်ဦးဆောင်သူအဖြစ် ထင်ထင်ရှားရှား ရပ်တည်နေပြီ ဖြစ်သည်။ iflix တွင် သီးသန့် ကြည့်ရှုနိုင်သည့် ရုပ်ရှင်များနှင့် ဆုရအစီအစဉ်များ အပါအဝင် ဟောလိဝုဒ်၊ဒေသတွင်းနှင့်ပြည်တွင်း ရုပ်ရှင်များပါဝင်သည့်ရုပ်ရှင်စုစည်း မှုကြီးကို အသုံးပြုသူများအတွက် ဝန်ဆောင်မှုပေးထားပြီး လစဉ် ကြေးပေးချေ၍ အသုံးပြုသူများ သည် iflix ကို ဖုန်း၊ လက်ပ်တော့၊ တက်ဘလက်နှင့်တီဗွီတို့အပါအဝင် device ငါးမျိုးအထိတွင် အချိန် မရွေး၊ နေရာမရွေးကြည့်ရှုနိုင် ကြောင်း သိရသည်။