images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ခမ်းပါတ်မြို့ ထင်းဇင်ကျေးရွာ နန်စပါတံတားအနီးတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဇော်ဝင်းထွန်း Wednesday, 11 July 2018
မူးယစ်တပ်ဖွဲ့စု(၇) တမူးမှ တပ်ဖွဲ့ဝင်များသည် ယခုလ ၉ရက် နေ့က မူးယစ်ဆေးဝါးသတင်းအရ စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပါတ် မြို့ ဘုတ်ကန်ကျေးရွာနှင့် ထင်းဇင် ကျေးရွာကြား နန်စပါတံတားအနီး တမူး-ကလေး ကားလမ်းမပေါ် တွင် သက်သေများနှင့် စောင့်ဆိုင်း နေစဉ် တမူးမြို့ဘက်မှ ကလေးမြို့ ဘက်သို့ ကလေးမြို့ ငြိမ်းချမ်းသာ ကျေးရွာတွင် နေထိုင်သူ မင်းဇော် မောင်းနှင်လာပြီး ကလေးမြို့ ငြိမ်း ချမ်းသာကျေးရွာတွင် နေထိုင်သူ ထွန်းထွန်းဝင်း လိုက်ပါလာသည့်SUPER ANBO 125 နီ/နက် ကျား ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ဖင် ထိုင်ခုံရေမြှုပ်အတွင်း သိုဝှက်သယ် ဆောင်လာသည့် အနက်ရောင်ကြွပ် ကြွပ်အိတ်ဖြင့် ထည့်ထားသော Buprenorp hine ဆေးပြား ၄၉ ပြား၊ အလေးချိန်(၄ဒသမ၉) ဂရမ် အား ရှာဖွေတွေ့ရှိခဲ့သည်။
ဆက်လက်စောင့်ဆိုင်းနေစဉ် ညနေ ၄ နာရီခန့်တွင် တမူးမြို့ ဘက်မှ ကလေးမြို့ဘက်သို့ တမူး မြို့ အင်ဒိုင်းကျေးရွာတွင် နေထိုင် သူကျော်ကျော်ဝင်း(ခ)အောင်ဆန်း မောင်းနှင်လာသည့်KENBO 125 နီ/နက်ကျား ဆိုင်ကယ်အားရပ်တန့် စစ်ဆေးရှာဖွေရာ ၄င်း၏ဝဲဘက် လက်တွင် ကိုင်ဆောင်ထားသော အနက်ရောင်တိပ်ဖြင့် ပတ်လျက် အနီရောင်အဖုံးပိတ်ပါ အကြည် ရောင် ကော်ဘူးငယ်အတွင်း ထည့် ထားသည့်ဘိန်းဖြူအလေးချိန် ၂၁၅ ဂရမ်ခန့်နှင့် ငွေရောင်ခဲစက္ကူဖြင့် ထုပ်ထားသည့်88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ခြောက်ပြားတို့ကို ရှာဖွေတွေ့ရှိခဲ့ သည်။
သို့ပါ၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများဖြစ်သည့် မင်းဇော်၊ ထွန်းထွန်းဝင်းနှင့် ကျော် ကျော်ဝင်း(ခ)အောင်ဆန်းတို့အား ခမ်းပါတ်မြို့နယ် မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရှိ ရသည်။