images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်အတွေ့အကြုံရှင်းလင်းပွဲကျင်းပ
အောင်အောင် Wednesday, 11 July 2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပုဗ္ဗသီရိမြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက ပုဗ္ဗသီရိ မြို့နယ်လူငယ်အဖွဲ့ဝင်များ အတွေ့ အကြုံရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှင်းလင်းပွဲတွင် နိုင်ငံတော် သီချင်းသီဆိုပြီး နိုင်ငံတော်အလံ အားအလေးပြု၍ အခမ်းအနားဖွင့် လှစ်ခဲ့သည်။ ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူး ဦးဌေးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်က လူငယ်နှင့်ဆိုင်ရာများ ဆွေးနွေးခဲ့ ကြောင်းသိရသည်။
ထို့နောက် လူငယ်များအချင်း ချင်း အပြန်အလှန်နှုတ်ဆက်ခဲ့ကြ ပြီး မြို့နယ်လူငယ်တာဝန်ခံဦးတင့် လွင်က ဗဟိုလူငယ်ညီလာခံနှင့် မန္တလေးတိုင်းဒေသကြီး လေ့လာ ရေးခရီးစဉ်တို့တွင် လူငယ်များ အပြန်အလှန်ဆွေးနွေးခဲ့ကြသည့် အတွေ့အကြုံများ ရှင်းလင်းခဲ့သည်။ ဦးမျိုးမင်းဦး(လူငယ်)က လူငယ် နှင့်နိုင်ငံရေးခေါင်းစဉ်ဖြင့်လည်း ကောင်း၊ မခိုင်ခိုင်ထွေး(လူငယ်)က မန္တလေးတိုင်းဒေသကြီး လူငယ် အတွေ့အကြုံများရှင်းလင်းခဲ့ကြပြီး မြို့နယ်လူငယ်အဖွဲ့ဝင်များက လူငယ် အတွေ့အကြုံများ ရှင်းလင်းခဲ့ကြ သည်။ ၄င်းနောက် နေပြည်တော် ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး က နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ပြီး နံနက် ၁၁နာရီခွဲတွင် ရှင်းလင်း ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်လူငယ်များ အချင်းချင်း အပြန်အလှန်ချစ်ကြည် ရင်းနှီးစေရန်ရည်ရွယ်ပြီး ဖူဆယ် ဘောလုံးကစားခဲ့ကြကြောင်း သိရ သည်။
အဆိုပါလူငယ်အတွေ့အကြုံ ရှင်းလင်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေပါတီအတွင်း ရေးမှူး ဦးဌေးဝင်း၊ နေပြည်တော် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ခရိုင်ကော်မတီဝင်နယ်မြေတာဝန်ခံ ဦးတင်ဆန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့် မြို့နယ်ကော်မတီ ဝင်များ၊ ရပ်/ကျေးကော်မတီဝင် များ၊ လူငယ်ခေါင်းဆောင်အဖွဲ့ဝင် များ စုစုပေါင်း ၅ဝ တက်ရောက်ခဲ့ ကြောင်း သိရသည်။