images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ဒဂုံ(အရှေ့)မြို့နယ်သို့ တိုင်းဒေသကြီးပါတီကော်မတီဝင်ကွင်းဆင်း သွေးလွန်တုပ်ကွေးကာကွယ်ရေးအဘိတ်ဆေးခတ်ခြင်း ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများဆောင်ရွက်
စိုးမိုး(ဒဂုံ-အရှေ့) Wednesday, 11 July 2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ်စည်းရုံးရေးနယ်မြေသို့ ရန်ကုန် တိုင်းဒေသကြီးပါတီကော် မတီဝင်(နယ်မြေတာဝန်ခံ)ဒေါက်တာ ကျော်စိုးသည် ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပါတီရုံးသို့ ရောက်ရှိကာမြို့နယ်ပါတီကော်မတီ ဝင်များနှင့်တွေ့ဆုံပြီး ရပ်ကွက်နှင့် ကျေးရွာများသို့ကွင်းဆင်းစည်းရုံး ရေးဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီကော်မတီဝင် (နယ်မြေတာဝန်ခံ)ဒေါက်တာကျော် စိုးသည် ယမန်နေ့နံနက်၁၁နာရီက မြို့နယ် ပါတီရုံးသို့ ရောက်ရှိပြီး မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကာမြို့နယ်အတွင်းမိမိပါတီ ဝင်များထံမှ ပါတီဝင်နှစ်စဉ်ကြေး ကောက်ခံနေမှု၊ ပါတီဝင်အသစ်တိုး တက်ရရှိရေးစည်းရုံး ဆောင်ရွက် နေမှု၊ မြို့နယ်အမျိုးသမီးထုအဖွဲ့ လူငယ်အဖွဲ့များ၏ ဆောင်ရွက် နေမှု၊နယ်မြေတာဝန်ခံများမှ မိမိတို့ ရပ်ကွက်နှင့် ကျေးရွာအလိုက် ရပ်ကွက်ပါတီကော်မတီများနှင့် ထိတွေ့စည်းရုံးဆောင်ရွက်နေမှု၊ ရပ်ကွက်နှင့် ကျေးရွာများတွင် ပြည်သူများ သွေးလွန်တုပ်ကွေး အန္တရာယ်တားဆီးကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ခြင်ဆေးမှုတ် ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု များကို ဆွေးနွေးခြင်းနှင့် တင်ပြ ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆွေးနွေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်(နယ်မြေတာဝန်ခံ) သည် မြို့နယ်ပါတီအတွင်းရေးမှူး ဦးလှမျိုး၊ ကော်မတီဝင်များနှင့် အတူ လေးထောင့်ကန်ကျေးရွာရှိ ကျေးရွာပါတီကော်မတီရုံးသို့ သွား ရောက်ပြီးကျေးရွာပါတီကော်မတီ ဥက္ကဋ္ဌ ဦးချစ်ညွန့်နှင့် ကော်မတီ ဝင်များ၊ အမာခံပါတီဝင်များနှင့် တွေ့ဆုံကာပါတီ၏ ရှေ့လုပ်ငန်းစဉ် များ၊ ကျေးရွာအတွင်း ပြည်သူ့ အကျိုးပြုလုပ်ငန်းများဆောင်ရွက် ရေး၊ ပါတီဝင်အသစ်စည်းရုံး ရ ရှိရေး၊ ပါတီဝင်နှစ်စဉ်ကြေးများ စနစ်တကျ ကောက်ခံရေးများကို မှာကြားကာ၊ အမှတ်(၁)ရပ်ကွက် နှင့်အမှတ်(၁၃၃)ရပ်ကွက်တို့တွင် မိမိပါတီမှ စာသင်ကျောင်းများ၊ နေအိမ်များအား သွေးလွန်တုပ်ကွေး ကာကွယ်ရေးအဘိတ်ဆေးခတ်ခြင်း နှင့်ခြင်ဆေးမှုတ်ခြင်းဆောင်ရွက် နေမှုများကို သွားရောက်ပါဝင် ကူညီအားပေးကာ ညနေ ၅နာရီ တွင် နယ်မြေအတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။