images
UN
UN
ဖားကန့်မြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားခြောက်ဦး ပျောက်ဆုံးမှုဖြစ်ပွား၍ အမှုဖွင့်စုံစမ်း
မိုဃ်းကျ(မြစ်ကြီးနား) Wednesday, 11 July 2018
ကချင်ပြည်နယ် ဖားကန့်မြို့ နယ်ရှိBKESSING(ကျေးဇူး တော်)အမည်ရှိ ကိုယ်ပိုင်အထက် တန်းကျောင်းမှ ကျောင်းသား ခြောက်ဦးသည် ယမန်နေ့က ပျောက်ဆုံးမှုဖြစ်ပွားခဲ့၍ ဖားကန့် မြို့မရဲတပ်ဖွဲ့စခန်းမှ လူပျောက်မှု ဖြင့် ဖွင့်လှစ်စစ်ဆေးလျက်ရှိ ကြောင်း ရဲမှတ်တမ်းများအရ သိရ သည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၇ နာရီက ဖားကန့်မြို့ လုံးခင်း ကျေးရွာအုပ်စု အောင်ရာကျေးရွာ တွင် ဒေါက်တာအောင်ဖန်း(၂၈နှစ်) ဦးဆောင်ကာ ဖွင့်လှစ်ထားသည့် BKESSING (ကျေးဇူးတော်) အမည်ရှိ ကိုယ်ပိုင်အထက်တန်း ကျောင်းမှ ဆရာဆရာမများက ပုံမှန်ကျောင်းသားကျောင်းသူများ စုံလင်ခြင်းရှိမရှိ စစ်ဆေးဆောင် ရွက်ရာ ကျောင်းအိပ်ကျောင်းစား နေထိုင်ကာ ပညာသင်ယူလျက်ရှိ သည့် အဋ္ဌမတန်းကျောင်းသား မောင်တူးတွယ်(၁၄နှစ်)၊ နဝမတန်း ကျောင်းသားများဖြစ်ကြသည့်မောင် ဇော်ခွန်း(၁၅နှစ်)၊ မောင်ဆိုင်းဖုန် (၁၅နှစ်)၊ မောင်ဘောက်လာ (၁၆ နှစ်)၊ မောင်ဆိုင်းအောင်မိုင်(၁၆နှစ်) နှင့် မောင်ဒွဲအောင် (၁၆နှစ်)တို့ ခြောက်ဦးမှာပျောက်ဆုံးနေသဖြင့် ကျောင်းတာဝန်ခံ ဒေါက်တာ အောင်ဖန်းနှင့် ဆရာဆရာမများက လိုက်လံရှာဖွေသော်လည်း မတွေ့ ရှိသဖြင့် ၄င်းတို့ မိဘအုပ်ထိန်းသူ များထံ ဆက်သွယ်မေးမြန်းစုံစမ်း မှုများ ဆောင်ရွက်ခဲ့သော်လည်း ထူးခြားမှုမရှိသဖြင့် သက်ဆိုင်ရာ သို့ ဆက်သွယ်သတင်းပို့ခဲ့သည်။
ဖြစ်စဉ်ကြောင့် BKESSING(ကျေးဇူးတော်)အမည်ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ပညာ သင်ယူစဉ် ပျောက်ဆုံးသွားသည့် ကျောင်းသားခြောက်ဦးနှင့် ပတ် သက်၍ ပြန်လည်ရှာဖွေတွေ့ရှိနိုင် ရေး ဖားကန့်မြို့မ ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားခဲ့ရာ ဖားကန့်မြို့မရဲတပ် ဖွဲ့စခန်းမှ လူပျောက်မှုအမှတ်စဉ် (၁/၂ဝ၁၈)အရ အမှုဖွင့်စုံစမ်းစစ် ဆေးလျက်ရှိပြီး အဆိုပါကိုယ်ပိုင် အထက်တန်းကျောင်းတွင် အဋ္ဌမ တန်းကျောင်းသားကျောင်းသူ ၂၃ ဦး၊ နဝမတန်းကျောင်းသားကျောင်း သူ ၃၂ ဦးနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ ၆ဝ ပညာ သင်ကြားလျက်ရှိကြောင်းသိရသည်။