images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
သက်ငယ်မုဒိမ်းမှုပပျောက်ရေး ဇာတ်ကားကြီးမှာမြင်ရဦးမည့် လှမျိုးသဉ္ဇာနွယ်
ဒဂုံဝေလင်း Wednesday, 11 July 2018
ဒါရိုက်တာ ညွန့်မြန်မာညီညီ အောင်ရိုက်ကူးပြီး သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊မေသန်းနု၊စိုင်းဝဏ္ဏ နှင့် လှမျိုးသဉ္ဇာနွယ်တို့ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရ သည်။ အဆိုပါဇာတ်ကားကြီးတွင် ပါဝင်ဖြစ်ခဲ့သည့်သရုပ်ဆောင်လှမျိုး သဉ္ဇာနွယ်အနေဖြင့် ''အစ်မက အစ်မရဲ့တူမလေးကို ချစ်သူဖြစ်ပြီး လက်မထပ်ဖြစ်တဲ့အတွက် မကျေ နပ်လို့ လာရန်တွေ့တဲ့ကာရိုက်တာ ပေါ့။ ဘယ်ကိစ္စမဆို အတင်း အကျပ်လုပ်တာမကောင်းပါဘူး။ ဗိုက်ပြည့်နေတဲ့အချိန်မှာ မုန့်ဟင်း ခါးတစ်ပွဲကျွေးရင်တောင် မစား နိုင်တော့ဘူးလေ။ အတင်းအကျပ် လုပ်တာမကြိုက်ဘူးလေ။ ဒီလိုမျိုး သက်ငယ်မုဒိမ်းဆိုတာမျိုးကတော့ ပြောမနေပါနဲ့တော့။ အစ်မက မိခင်လည်းဖြစ်နေတော့ အတော် လေးဒေါသထွက်မိပါတယ်။ ဒီလို မျိုးကိစ္စကမရှိသင့်ဘူး။ လုံးဝ ပ ပျောက်သွားဖို့လုပ်သင့်တယ်လို့ ယူ ဆပါတယ်။ဟစ်တိုင် ''ဇာတ်ကား ကို ကြည့်ဖြစ်အောင် ကြည့်ကြပါ လို့ ဘာပဲပြောပြော တစ်ခုခုတော့ သူတို့အသိÓဏ်လေး၊ ဗဟုသုတ လေးတိုးပွားသွားမယ်ဆိုရင် ကျေး ဇူးတင်ရမှာပါ။ အနုပညာရှင်တွေ ကတော့ ကိုယ်တတ်နိုင်တဲ့ နည်း လမ်း ကိုယ်တတ်နိုင်တဲ့အကြောင်း အရာတွေနဲ့ ကြိုးစားပြီးလုပ်နေကြ ပါတယ်။ အဲ့ဒီအပေါ်မှာ ထိထိ ရောက်ရောက်လေးဖြစ်လာရင် တော့ ပိုကောင်းပါတယ်။ သူများ တွေလုပ်ရင်လည်း အစ်မတို့ မအား ပေမယ့်လည်း အတတ်နိုင်ဆုံး ကြိုး စားပြီးတော့ ပညာပေးမှာပါဝင် ဖြစ်ပါတယ်။ လူမှုကွန်ရက်စာ မျက်နှာထက်မှာ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး တက်လာတာတွေ က အများကြီးပါပဲ။ အင်တာနက် ခေတ်ဖြစ်လာတော့ ပိုပြီးသိလာ တယ်။ ကိုယ်မသိလိုက်တဲ့ ဖြစ်ရပ် တွေ မှုခင်းတွေ အများကြီးရှိနေမှာ ပဲ အခုကတော့ ပိုသိလာတာပေါ့။ အဲဒီလို ပိုသိလာရတဲ့အတွက်ပိုပြီး ဆင်ခြင်နိုင်လာတာပေါ့။ အမှုမဲ့ အမှတ်မဲ့ မနေဖြစ်တော့ဘူးပေါ့။ အချိန်မြန်မြန်သိရတဲ့အတွက် ပို ကောင်းလာတာပေါ့နော်'' ဟု ပြောပြလာတဲ့ လှမျိုးသဉ္ဇာနွယ်ကို အခုလိုဇာတ်ကားတွေရိုက်ပြတော့ အမျိုးမျိုး ဝေဖန်ပြောကြတယ်။ ပညာပေးကို ပညာပေးအနေနဲ့ ကြည့်တဲ့သူရှိတယ်။ တချို့ကျတော့ ဇာတ်ကားထဲက ပြစ်မှုကျူးလွန် သလို လိုက်လုပ်ကြတဲ့အပေါ် မေး ကြည့်တော့ ''အဲ့ဒါကတော့ ခံယူ တဲ့ အပေါ်မှာပဲဆိုင်ပါတယ်။ သူ တို့တွေ ဘယ်လိုခံယူထားလဲဆိုတာ က လူတစ်ဦးချင်းတစ်ယောက်ချင်း စီရဲ့ ခံယူချက်ကိုမသိနိုင်ဘူးလေ။ သူကကောင်းတာခံယူသွားရင်တော့ ကောင်းတာဖြစ်မှာပေါ့။ သူက ဆိုးတာခံယူသွားရင်တော့ ဆိုးတာ ဖြစ်မှာပေါ့။ ခံယူတဲ့လူကောင်းတာ ယူတဲ့သူဆိုရင် သူ့အတွက် ဗဟု သုတပညာပေးအနေနဲ့ရိုက်သင့်ပါ တယ်''ဟု ပြောသည်။