images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ပန်းရဲ့လမ်း ဂီတသူရဲကောင်း ဦးရဲလွင်(မဇ္ဈိမလှိုင်း) ကွယ်လွန်
မောင်စိန်ဝင်း Wednesday, 11 July 2018
ဂီတနယ်ပယ်အတွင်းနှစ်ပေါင်း ၅ဝ ကျော်ရှင်သန်နေထိုင်ခဲ့သည့် ပန်းရဲလမ်းလူမှုကွန်ရက် ခေါင်း ဆောင်ဖြစ်သည့် ဦးရဲလွင်(မဇ္ဈိမ လှိုင်း)(အသက် ၇ဝနှင့်၆လ)မှာ ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ခုတင် ၅ဝဝ ဆေးရုံ အသည်း ကုသဆောင်၌ အသည်းရောဂါ ဝေဒနာအား ကုသမှုခံယူနေရင်း ယမန်နေ့ ညနေ ၄ နာရီ ၁ဝမိနစ် တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဦးရဲလွင်(မဇ္ဈိမလှိုင်း)သည် တေးရေး၊ တေးဆို ၊ ဘေစ့်ဂီတ ပညာရှင်ဖြစ်ပြီး ၄င်းအား ပေါင်း တည်မြို့တွင် မွေးဖွားခဲ့ကာ ဖခင်ဖြစ်သူ ဦးမောင်မောင် (စက် ရှင်တရားသူကြီး)နှင့် မိခင်ဖြစ် သူ ဒေါ်ကြိုင်တို့မှ မွေးဖွားခဲ့ သည်။ ခရစ်ယာန်ဘာသာကို ကိုးကွယ်ပြီး မွေးချင်းမောင်နှမ ၁ဝ ဦးအနက် ရှစ်ဦးမြောက်သား ဖြစ်သည်။
RITကျောင်း၌နောင်တစ်ချိန် မဇ္ဈိမလှိုင်းအဖွဲ့သားများ ဖြစ်လာ မည့် တေးသံရှင်ခင်မောင်တိုး၊ တေးရေးမောင်မောင်တို့နှင့် သိ ကျွမ်းခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ဦးမောင်မောင်(အဉ္စလီ)နှင့် ဦးရဲ လွင်(ဘေစ့်) တို့မှာ မဇ္ဈိမလှိုင်းဆို သည့် ဂီတသင်တန်းကို မန္တလေး မြို့၌ စတင်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
နှစ်နှစ်ကြာပြီးနောက် ၁၉၈၄ ခုနှစ်တွင် မဇ္ဈိမလှိုင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ကချင်ပြည် နယ်တွင် ဖြစ်ပွားနေသော ပြည် တွင်းစစ်ကြောင့် ဒုက္ခရောက်နေ ကြရသော ပြည်သူများကို အကူ အညီပေးနိုင်ရန်အတွက် ဂီတဖြင့် အလှူငွေကောက်ခံကာ ရန်ပုံငွေ ရှာဖွေသည့် ''လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတဖျော်ဖြေရေးအဖွဲ့ ကို ၄င်းအပါအဝင် သားထွေး၊ ကိုတိုးလွင်(ဥတ္တရအလင်း)တို့နှင့် စုပေါင်း၍ ၂ဝ၁၂ခုနှစ် မေ၌ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရ သည်။
ဒုက္ခသည်များအတွက် ၄င်း တတ်ကျွမ်းသော ဂီတအနုပညာ ဖြင့် တစ်ဖက်တစ်လမ်းမှကူညီ ပေးခဲ့ပြီး ပန်းရဲ့လမ်းကို တည် ထောင်၍ ငြိမ်းချမ်းရေးကိုသီချင်း များဖြင့် ဖော်ဆောင်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင်အသင်းသားတစ်ဦး ဖြစ်သည့် ကိုရဲလွင်အား ပြည်ပ ရောက် မြန်မာတိုင်းရင်းသား မိသားစုများက ဂုဏ်ပြုပေးအပ် သည့် ၂ဝ၁၃ ခုနှစ်အတွက် စတုတ္ထအကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆုများ ပေးအပ်ပွဲတွင် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရ ရှိခဲ့ကြောင်း သိရသည်။
''ဦးရဲလွင်(မဇ္ဈိမလှိုင်း)''သေ ဆုံးရုပ်အလောင်းအား ယခုလ ၁၄ ရက် မွန်းလွဲ ၁နာရီတွင် ရေဝေးသုသာန်၌ ဈာပနအခမ်း အနားစတင်မည်ဖြစ်ပြီး ၂၇၈-ဗ မင်းကြီး ရွာမအရှေ့ရပ်နေအိမ်မှ ရေဝေးသုသာန်သို့ နံနက် ၁၁ နာရီခွဲတွင် ယာဉ်များ ထွက်ခွာပို့ ဆောင်မည်ဖြစ်ကြောင်း သိရ သည်။
ဂီတကြယ်တစ်ပွင့် ကြွေသွား ပြန်ပြီပေါ့........ တကယ်ပဲ ''ဝေးခဲ့ပြီ ပန်းခရမ်းပြာရယ် ''