images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
တိုင်းပြည်အတွက် မဲပေးမှာလား ပါတီအတွက် မဲပေးမှာလား
တက္ကသိုလ်အငြိမ်းစားဆရာကြီး Wednesday, 11 July 2018
လေးစားရပါတဲ့ မိဘပြည်သူများခင် ဗျာ၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးများ အနက် အားလုံးနီးပါးဟာ ဒီမိုကရေစီစနစ် နဲ့ သွားနေကြပါတယ်။ တစ်နည်းအားဖြင့် ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေနဲ့ သွားနေတယ်ပေါ့ဗျာ။ ကျွန်တော်တို့ တိုင်း ပြည်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးနုတို့ခေတ်(ဖဆပလ)ခေတ်မှာတော့ ဒီမိုကရေစီစနစ်၊ မဲပေးရွေးချယ်တဲ့ခေတ် ရောင်ခြည်သန်းခဲ့ပါသေးတယ်။တိုင်းပြည် အတွက်ကောင်းတဲ့လက္ခဏာပါဗျာ။ ဗိုလ် ချုပ်တို့ လမ်းခုလတ်မှာ ကျဆုံးသွားတာ ဟာ တိုင်းပြည်အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုပဲ မဟုတ်လားဗျာ။
၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလမှစပြီး မဲပေးရွေးချယ်မှုတွေ၊ လွှတ်တော်တွေ ပြန်ပေါ်လာတာဟာ တိုင်းပြည်အတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခုလို့ပြောနိုင် ပါတယ်။
ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပတ်သက်ပြီး တော့ ဝေဖန်သံတွေ၊ မကျေမနပ်သံတွေ၊ အပြောင်းအလဲတွေ ထင်သလိုဖြစ်မလာ ဘူးဆိုတဲ့ အသံတွေ၊ ဘာတွေပြင်လို့ ဘာ တွေပြောင်းသလဲဆိုတဲ့ အသံတွေ၊ အား မလိုအားမရဖြစ်တဲ့ အသံတွေကို နေ့စဉ် လိုလို ကြားနေရတယ်၊ ဖတ်နေရတယ် လေ။ ပြည်သူတွေရဲ့ မကျေမနပ်အသံ တွေ နားလျှံနေပါပြီဗျာ။ ဘာတွေကို လုပ် ကိုင်စားရမလဲ မသိတော့ပါဘူးဆိုတဲ့ အသံတွေ၊ မီးဖိုချောင်ရှင်မတွေရဲ့ ညည်း ညူသံတွေ ညံနေပါတယ်ဗျာ။ ကုန်ဈေး နှုန်းတော့မပြောပါရစေနဲ့တော့ဗျာ။၁၉၇၁ ခုနှစ် ကျွန်တော်B.A နောက်ဆုံး နှစ်မှာ ကိုယ့်ဘာသာဝယ်ချက်ပြုတ်စားခဲ့ ရပါ တယ်။ အဲဒီတုန်းက ပုသိမ်ဥတိုပေါ် ဆန်း(မြန်မာပြည်မှာ အကောင်းဆုံးဆန်) ဟာ တစ်ပြည်ကို ပြား ၉ဝဗျ။ တစ်ကျပ် ပင်မပြည့်ပါ။
ဆန္ဒတွေလည်း သိပ်မစောနဲ့ပေါ့ဗျာ။''နှေးတာအရေးမကြီးဘူး။ ရပ်မနေဖို့ဘဲ လိုတယ်''လို့ ရွှေပြည်ဟိန်းဆရာတော် ကြီးက ဟောဖူးတယ်ဗျ။ အပြောင်းအလဲ ဆိုတဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး တော့ ကျွန်တော့်ဆရာကြီးက ''ဒီမယ်- ကိုယ့်လူ၊ အပြောင်းအလဲဆိုတာ ပြောင်း လဲတယ်ဆိုတာ လွယ်မယောင်ယောင်နဲ့ ခက်၊ တိမ်မယောင်ယောင်နဲ့နက်ဆိုသလို ပဲ။ ခင်ဗျား နားလည်လွယ်အောင် ပြော ရရင်တော့ဗျာ-ဥပမာပေါ့ဗျ၊ လယ်သမား ကြီး ဦးဖြူထံမှ လယ်သူမကြီး ဒေါ်နီ က လယ်ဧက ၂ဝ ကိုဝယ်ပြီး လုပ်တယ် ပေါ့။ ဒီလယ်သူမကြီးကတော့ လယ် ကွက်တွေကို သူ့စိတ်ကြိုက် အပြောင်း အလဲလုပ်တယ်တဲ့။ တစ်ဧကကို စပါး တင်း ၁၅ဝ မက ၂ဝဝ မကထွက်အောင် လုပ်မယ်လို့ဟစ်ကြွေးပြီး လယ်ကွက် အသေး သုံးကွက်ကို လယ်ကွက်အကြီး တစ်ကွက်ဖြစ်အောင် ပေါင်းတယ်။ လယ် ကွက်အကြီး တစ်ကွက်ကို လယ်ကွက် အသေးလေးကွက်ဖြစ်အောင် ခွဲခြမ်းစိတ် ဖြာတယ်။ အဲဒါဟာ ပြောင်းတာပြင်တာ မဟုတ်ဘူးကိုယ့်လူ။ အဲဒီလုပ်ရပ်ဟာ လယ်ကိုပျက်အောင်ဖျက်တာဗျ။ ဘာဖြစ် လို့လဲဆိုတော့လယ်မြေရဲ့သဘာဝ၊ မြေရဲ့ စိုထိုင်းမှု၊ ခြောက်သွေ့မှုအနေအထား၊ လယ်မြေရဲ့အနိမ့်အမြင့်၊လယ်ကန်သင်းရိုး တွေရဲ့ တောင့်တင်းခိုင်မာမှု အခြေအနေ၊ လယ်မြေကြီးရဲ့ မြေဆီသြဇာအဆီအနှစ် အနည်းအများ၊ လယ်ကွက်ထဲမှာ မိုးရေ တင်နေမှု ပမာဏအနည်းအများ၊ လယ် ကွက်ထဲမှာရှိနေတဲ့ ရိုးပြတ်တွေရဲ့အနည်း အများ၊ အဲဒါတွေဟာ လယ်တစ်ကွက် နဲ့တစ်ကွက်မတူဘူးဗျ။ အဲဒါကိုဇွတ် အတင်းပေါင်းလိုက်တော့ ပျက်ပြီပေါ့ဗျာ။ စပါးပင်နဲ့ပေါင်းပင်ကိုပင် ခွဲခြားမသိတဲ့ သူကဆရာကြီးဝင်လုပ်တော့ ပျက်စီးပြီ ပေါ့ဗျာ။ ယခင်တုန်းက တစ်ဧကကို တင်း ၁၅ဝ၊ ၂ဝဝထွက်တဲ့ လယ်ကွက် ဟာအဲဒီလိုပေါင်းလိုက်တော့ အပြောင်း အလဲဗလောင်းဗလဲလုပ်လိုက်တော့ တင်း ၅ဝထွက်ဖို့ခက်ခက်ခဲခဲပဲ ကိုယ့်လူရေ'' လို့ပြောပြခဲ့တာယနေ့ထိ ကြားယောင်နေ ဆဲပါဗျာ။ တန်ဖိုးမဖြတ်နိုင်တဲ့သြဝါဒ စကားလို့ ဆိုရမှာပါ။


တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စောစောက ကျွန်တော်တင်ပြတဲ့''ဝေဖန် သံ''တွေထဲ တချို့ကတော့ အပြုသဘော ဆောင်ပါတယ်။ တချို့ကတော့ ဟိုပုတ် ခတ်၊ဒီထိပါးပြောတာမျိုးတွေလည်း တွေ့ ရတယ်လေ။ ဟိုတုန်းကတုတ်တုတ်မျှ မလှုပ်ရဲတဲ့သူ တွေကယခုမှဖော်ကောင် ဘညွန့်လုပ်နေကြတာမကောင်းပါဘူးဗျာ။
နိုင်ငံရေးသမားဆိုတာ အောင့်နိုင်ကြ ဖို့လိုတယ်။ တောင့်ခံနိုင်ကြဖို့လိုတယ်။ စောင့်နိုင်ကြဖို့လိုတယ်။ နိုင်ငံရေးဆိုတာ ပုံလုံတစ်လှည့်၊ ငါးပျံတစ်လှည့် ဆိုသလို ပေါ့ဗျာ။ မဲနိုင်သူတွေကလည်း အောက် ခြေမလွတ်ဖို့လိုသလိုမဲရှုံးသူတွေကလည်း စိတ်ဓာတ် မကျဖို့လိုတယ်၊ မဟုတ်လား ဗျာ။ နောက်တစ်ကြိမ် နိုင်မှာပေါ့ဗျာ။ပြည်သူတွေ ဘက်ကလည်းမဲပေးတဲ့ အခါမှာ အပေးမမှားဖို့၊ အရွေးမမှားဖို့ လိုပါတယ်ဗျာ။မဲပေးတာနဲ့ပတ်သက်လို့သတင်းစာ ဆရာကြီး ဖိုးသောကြာ(လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့်)ကိုယ်တိုင်က ....''ဗမာလူမျိုးကဖီလင်သိပ်များတယ်။ ဖီလင်ကိုသိပ်ဦးစားမပေးစေချင်ဘူး။ဦးနု တို့အောင်ဆန်းစုကြည်တို့ အပြတ်အသတ် နိုင်ခဲ့တာဖီလင်ကြောင့်နိုင်ခဲ့တာ။ ကျွန် တော်ကလည်း ဖီလင်ထက် ဦးနှောက်ကို ဦးစားပေးချင်တယ်။ ဦးနှောက်နဲ့ဆုံးဖြတ် ရမှာ''....ဟု လည်းကောင်း။
''အောင်ဆန်းစုကြည်တို့လည်း အခု အချိန်ထိ ဘာမှလုပ်လို့မရနိုင်သေးဘူး လေ။ ဗမာကတော့ ဗုဒ္ဓဘာသာနိုင်ငံပဲ။ ကျွန်တော်ဖြတ်လာတဲ့ ခေတ်တုန်းက (ဖဆပလ)ကွဲတုန်းကဆိုရင် အံ့သြဖို့ ကောင်းတယ်။ ဗမာလူမျိုးကဖီလင်ရှိ တယ်ဗျာ။ အဲဒီဖီလင်ကဘာမှမစဉ်းစား ဘူး။ အဲဒါဗမာလူမျိုးရဲ့ကာရိုက်တာပဲ'' ....ဟုလည်းကောင်း။ ....''ဒေါ် အောင်ဆန်းစုကြည်က ကျွန်တော်နဲ့ခင်ပါ တယ်။ သူနဲ့ ကျွန်တော် ၁၅နှစ်သမီး လောက်ကတည်းကစသိတာ။ ဒေါ်ခင် ကြည်နဲ့လည်းအရမ်းခင်တာ။ မွေးနေ့ တုန်းက သူသဝဏ်လွှာပေးသေးတယ်။ သူ့ကာရိုက်တာက နိုင်ငံခြားမှာကြီးတာ များတယ်။ ဗမာပြည်နဲ့သိပ်မဟပ်သေး ဘူး''...ဟု လည်းကောင်း၊ မိသားစု စိတ်ဓာတ်အပြည့်အဝနဲ့ နိုင်ငံရေးအနှစ် သာရရှိရှိ တိုင်းပြည်ကောင်းစားရေး အတွက်ရင်ဖွင့်ပြောကြားထားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့သြဝါဒစကားတွေလို့ ကျွန်တော်ထင်ပါတယ်ဗျာ။ ပြည်သူတွေ လည်းသဘောကျမိလိမ့်မယ်လို့ ယူဆမိ ပါရဲ့ဗျာ။
မဲပေးတဲ့အခါမှာတော့ ဆရာကြီး ဖိုးသောကြာရဲ့အမြင်နဲ့ ကျွန်တော့်အမြင် ဟာ ထပ်တူကျနေပါတယ်။ ကျွန်တော့် အမြင်ကတော့ မဲပေးရာမှာ ပါတီအမည် ကအဓိကမကျပါ။ ပါတီတံဆိပ်ကအဓိ ကမကျပါ။ ပါတီအရောင်ကအဓိကမကျ ပါ။ အဲဒါတွေဟာအကာတွေပါ။ အနှစ် မဟုတ်ပါဘူးဗျာ။ အဲဒါတွေကိုကြည့်ပြီး ရွေးရင်တော့ ဖီလင်တွေ၊ ခံစားချက်တွေ ပါလာမယ်လေ။ ကြည့်ရမှာက အရွေးခံ မယ့်ကိုယ်စားလှယ်ရဲ့ အရည်အချင်းကို သာကြည့်ရမယ်ဗျ။ ဦးနှောက်နဲ့ရွေးရမယ် ပေါ့ဗျာ။ သဘောကတော့ ဘာမသိ ညာ မသိ၊ ဘာမတတ် ညာမတတ်တွေကို မရွေးနဲ့ပေါ့။ ဟိုယောင်ယောင် ဒီယောင် ယောင်နဲ့ယောင်ဝါးဝါးသမားတွေကိုမရွေး ပါနဲ့တော့ဗျာ။(အရည်အချင်းကောင်းရှိတဲ့ သူတွေ၊ တတ်သိနားလည်ကျွမ်းကျင်သူ တွေ၊ စိတ်ဓာတ်ကောင်းသူတွေ၊ အကျင့် ကောင်းသူတွေ၊ ရိုးသားဖြောင့်မတ်သူ တွေ၊ ကိုယ်ကျင့်တရားကောင်းသူတွေ၊ အတွေ့အကြုံရင့်ကျက်တဲ့သူတွေ၊ တိုင်း ချစ်ပြည်ချစ်စိတ်ရှိတဲ့သူတွေ)ကိုရွေးမှ သာ (တစ်နည်းအားဖြင့်)Character and Wisdomဆိုတဲ့ ''သီလနဲ့ ပညာ''ရှိတဲ့ သူတွေကို ရွေးမှသာလျှင် တိုင်းပြည် ကောင်းစားပါလိမ့်မယ်။
၂ဝ၁၃ခုနှစ်မှာဒေါက်တာဉာဏိဿရ သီတဂူဆရာတော်ကြီးဟာ ရခိုင်ပြည် နယ်ထိကြွသွားပြီး ''ငြိမ်းချမ်းရေးတရား တော်''ကိုဟောကြားပေးခဲ့ပါတယ်။ အဲဒီ မှာထူးခြားတာက ဗုဒ္ဓဘာသာတွေအပြင်
အခြားဘာသာပေါင်းစုံကပုဂ္ဂိုလ်တွေလာပြီး တရားနာကြတယ်ဗျ။ အဲဒီမှာဆရာတော် ကြီးက ဘယ်တိုင်းပြည်မဆိုသီလနဲ့ ပညာ (Character and Wisdom)နဲ့ ပြည့်ဝတဲ့ သူတွေများများရှိလေလေ တိုင်းပြည်ငြိမ်း ချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်လေလေ ဆိုတဲ့သဘောကို မီးမောင်းထိုးပြထားပါ တယ်ဗျာ။
သန်း၅ဝကျော်သော ပြည်သူတွေရဲ့ မျက်နှာကိုထောက်ပြီး ပါတီအမည် နောက်ကောက်ကောက်ပါလိုက်ပြီး မဲပေး စရာမလိုကြောင်းနဲ့ကိုယ်စားလှယ်လောင်း ရဲ့ အရည်အချင်း(သီလနဲ့ပညာ Character and Wisdom)ပြည့်ဝတဲ့သူနောက် ကိုသာကောက်ကောက်ပါလိုက်ပြီး မဲပေး ရမှာဖြစ်ကြောင်း ကြေညာမောင်းခတ် လိုက်ပါရစေဗျာ။