images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ကျောက်ဆည်မြို့လယ်ကောင် ချမ်းမြေ့အထည်ဆိုင် ငွေကျပ် ၁၈၆ သိန်းကျော်ဖိုးဖောက်ထွင်းခံရ
သော်တာ(ကျောက်ဆည်) Wednesday, 11 July 2018
ကျောက်ဆည်မြို့ ဆူးကုန်း အုပ်စု အောက်ချိုင်းရပ်ကွက်နေ မချမ်းမြေ့သော်တာသန့် အသက် (၂၈နှစ်) ကျောက်ဆည်မြို့ခန့်မှန်း KD-195035ကံဦးရပ် ကွက်၊ ရန်ကုန်-မန္တလေးလမ်းမ ကြီးပေါ်တွင် ချမ်းမြေ့အထည်ဆိုင် သည် ယခုလ ၉ ရက်တွင် ဆိုင် အတွင်းရှိ ပစ္စည်းများ ခိုးယူခံရ ကြောင်း ကျောက်ဆည်မြို့မ ရဲစခန်းသို့ လာရောက်တိုင်တန်း မှုအရ သိရသည်။
ဖြစ်စဉ်မှာ ယခုလ ၈ ရက်တွင် မချမ်းမြေ့သော်တာသန့်က ၄င်း ချမ်းမြေ့အထည်ဆိုင်အား ပိတ်သိမ်း ခဲ့ပြီး မိသားစုနှင့်အတူ ပြင်ဦးလွင်မြို့ သို့ အလည်သွားရောက်ခဲ့ရာ ယမန် နေ့ နံနက် ၇ နာရီ မိနစ် ၅ဝ ခန့် တွင် မချမ်းမြေ့သော်တာသန့်၏ အဒေါ်ဖြစ်သူ ဒေါ်တိုးတိုးလွင်က ဖုန်းဆက်၍ ၄င်းဆိုင်တံခါးပွင့်နေ ကြောင်း ပြောပြသဖြင့် မချမ်းမြေ့ သော်တာသန့်က သွားရောက်ကြည့် ရှုရာ ဆိုင်ရှေ့တံခါးတွင် ခတ်ထား သော သော့နှစ်လုံးမှာ မရှိတော့ဘဲ ဆိုင်တံခါးစေ့လျက်တွေ့ရှိရသဖြင့် ဆိုင်အတွင်းရှိ ပစ္စည်းများအား စစ် ဆေးရာ ဆိုင်အတွင်းရှိ မှန်ကောင် တာအတွင်းနှင့်တန်းပေါ်တွင် ထား ရှိသောအထည်မျိုးစုံ ၆၈၅ မျိုး (ကာလတန်ဖိုးငွေကျပ်၁၈၆ဝ၆ဝဝဝ ခန့်)မှာ ပျောက်ဆုံးနေကြောင်း သိရသည်။
ဥပဒေအရ အရေးယူပေးပါရန် မချမ်းမြေ့သော်တာသန့်က တရား လိုပြုလုပ် တိုင်တန်းသဖြင့် ယခုလ ၉ ရက်တွင် ကျောက်ဆည်မြို့မရဲ စခန်း(ပ)၅၉၁/၂ဝ၁၈၊ ရာဇသတ် ကြီးပုဒ်မ-၃၈ဝဖြင့်အမှုဖွင့်ခဲ့သည်။
အမှုအား ရဲအုပ်သက်ဆွေနှင့် မန္တလေးမှုခင်းတပ်ဖွဲ့မှ ဒုရဲမှူး ထွန်းထွန်း ဦးစီးအဖွဲ့နှင့်ပူးပေါင်း၍ အခင်းဖြစ်ရပ်စစ်ဆေးပြီး၊ CCTV မှတ်တမ်းအရ ကားဖြင့် လာရောက် ခိုးယူသွားကြောင်း သိရသည်။ အမှုမှတရားခံနှင့်သက်သေခံပစ္စည်း များအားသိမ်းဆည်းရမိရေးအတွက် အမှုစစ်ဒုရဲအုပ်သက်ဆွေက နယ် ထိန်းအဖွဲ့နှင့်ပူးပေါင်းစုံစမ်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။