images
UN
UN
အာဇာနည်ခေါင်းဆောင်ကြီး၏ဘဝအကြောင်း တစေ့တစောင်း
Wednesday, 11 July 2018
လွန်ခဲ့သောနှစ်ပေါင်း ၁ဝ၃ နှစ်ကျော် လောက်က မြန်မာနိုင်ငံမြေလတ်ဒေသ တွင် အာဇာနည်ပုဂ္ဂိုလ်တစ်ဦး ပေါ် ထွက်ခဲ့သည်။ တိတိကျကျပြောရမည်ဆို လျှင် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၊ မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက် စနေနေ့တွင် နတ်မောက်မြို့၌ အဖ ရှေ့နေ ဦးဖာနှင့် အမိဒေါ်စုတို့မှ ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့သည်။ အမျိုးသားရေးခေါင်း ဆောင်သခင်အောင်ဆန်း၊ တပ်မတော်၏ ဖခင် ဗိုလ်ချုပ် လွတ်လပ်ရေးဗိသုကာ အာဇာနည်ပုဂ္ဂိုလ် ဦးအောင်ဆန်း၏မနား မနေ ကြိုးပမ်းအားထုတ်မှု၊ စွန့်လွှတ်အနစ် နာခံမှုတို့ကြောင့် ထိုနေ့မှစ၍ ၃၃ နှစ် အတွင်း မြန်မာ့လွတ်လပ်ရေးကြီးရရှိခဲ့ ခြင်းဖြစ်သည်။
(၇၁)နှစ်မြောက်အာဇာနည်နေ့
မကြာမီ(၇၁)နှစ်မြောက်အာဇာ နည်နေ့ရောက်ရှိတော့မည်ဖြစ်သည်။ အာဇာနည်ဗိမာန်တွင် ကြိုတင်ပြင် ဆင်မှုများပြုလုပ်နေသည်။ အာဇာနည် ခေါင်းဆောင်ကြီးအကြောင်းကို လူငယ် များလေ့လာနိုင်ရန်အတွက် ဗိုလ်ချုပ်နေ အိမ်ပြတိုက်နှင့် အတွင်းဝန်များရုံးကို လည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ် လျက်ရှိသည်။ တိုင်းပြည်လွတ်လပ်ရေး ရရှိရေးအတွက် ၃၂ နှစ်ကျော်ကာလ အတွင်း မနားမနေကြိုးပမ်းခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး၏ ဘဝဖြစ် စဉ်အကြောင်း တစေ့တစောင်းကို မျိုး ဆက်သစ်လူငယ်များသိရှိနိုင်ရန်အတွက် တင်ပြသွားလိုပါသည်။
ငယ်စဉ်ဘဝ
၁၉၂၂ ခုနှစ် အသက် ခုနစ်နှစ် အရွယ်တွင် နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်းတွင် ပညာရည်နို့ စတင်သောက်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်းမြို့ အမျိုးသားအထက်တန်း ကျောင်းသို့ပြောင်း၍ ပညာသင်ယူခဲ့ သည်။ ၁၉၃ဝ ပြည့်နှစ်တွင် သတ္တမတန်း အောင်မြင်ခဲ့သည်။ ပညာသင်ဆုရ၍ ဦးရွှေခိုဆုရရှိခဲ့သည်။ တစ်လလျှင် ၁ဝ ကျပ်နှုန်းဖြင့် သုံးနှစ်အတွက်ပညာသင် ဆုရရှိခဲ့သည်။
တက္ကသိုလ်ကျောင်းသားဘဝ
၁၉၃၂ ခုနှစ်တွင် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းမှ ဆယ် တန်းစာမေးပွဲအောင်မြင်၍ ရန်ကုန် တက္ကသိုလ်တက်ရောက်ခဲ့သည်။ ၁၉၃၅ -၃၆ ခုနှစ်တွင် တကသ အမှုဆောင်ရွေး ကောက်ပွဲဝင်ရာအရွေးခံခဲ့ရသည်။ အိုးဝေ မဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက် ခဲ့သည်။ ထိုသို့ဆောင်ရွက်နေစဉ် အိုးဝေ မဂ္ဂဇင်းတွင်''ငရဲခွေးကြီးလွတ်နေသည်'' (Hell Hound at Large) ဆောင်းပါး ရေးသူကို ထုတ်ဖော်မပြော၍ တက္ကသိုလ် မှကျောင်းထုတ်ခြင်းခံခဲ့ရပါသည်။
၁၉၃၆ ခုနှစ်တွင် တကသ ဒုဥက္ကဋ္ဌ အဖြစ် အရွေးခံရသည်။ ရန်ကုန်မြို့ ဂျူဗလီဟောခန်းမတွင် ပြုလုပ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ခုံအမှတ် ၅၆ ဖြင့်ဝိဇ္ဇာ တန်းအောင်မြင်ခဲ့သည်။ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်သဟာယနှင့် စာဖတ်အသင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင်တကသဥက္ကဋ္ဌနှင့်ဗကသဥက္ကဋ္ဌ အဖြစ်ရွေးချယ်တင်မြှောက်ခံရသည့်အပြင် တက္ကသိုလ်ကောင်စီဝင်အဖြစ်လည်း ရွေး ချယ်ခံခဲ့ရသည်။ ထိုနှစ် မကုန်မီမှာပင် ကျောင်းထွက်၍ တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။
အမျိုးသားရေးလှုပ်ရှားမှုများ
၁၉၃၉ ခုနှစ်ဇန်နဝါရီလတွင် ရန်ကုန် အရေးတကြီး လုံခြုံရေးအက်ဥပဒေဖြင့် ၁၅ ရက်ဖမ်းဆီးထောင်ချခြင်းခံရသည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်ထောင်မှ လွတ်သည်။ ဒို့ဗမာအစည်းအရုံးအထွေ ထွေအတွင်းရေးမှူးအဖြစ်ရွေးချယ် တင် မြှောက်ခံရသည်။ ၁၉၄ဝ ပြည့်နှစ် မတ်လ ၂၂ ရက်နေ့တွင် အိန္ဒိယပြည်၊ ရမ်းဂါးမြို့တွင်ကျင်းပသော အိန္ဒိယအမျိုး သားကွန်ဂရက်ညီလာခံသို့တက်ရောက် ခဲ့သည်။ဇလွန်မြို့၌ချင်းတောင်အကြောင်း ဟောပြောမှုဖြင့် ဟင်္သာတခရိုင်ဝန်က သခင်အောင်ဆန်းကိုဖမ်းရန် ငါးကျပ်တန် ဝရမ်းထုတ်ခဲ့သည်။
တပ်မတော်သားဘဝ
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြေအောက်တော်လှန်ရေး အဖွဲ့ဗဟိုအဖွဲ့ကိုစတင်ဖွဲ့စည်းစဉ် သခင် အောင်ဆန်းကိုပြည်ပခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။ ထိုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် သခင်လှမြိုင် နှင့်အတူ ''ဟိုင်လီ''သင်္ဘောဖြင့် တရုတ် နိုင်ငံသို့လျှို့ဝှက်စွာ ထွက်ခွာသွားသည်။ သြဂုတ်လ ၂၄ ရက်နေ့တွင် အမွိုင်မြို့ သို့ရောက်သည်။ နိုဝင်ဘာလ ၁၂ ရက် နေ့တွင် ဂျပန်နိုင်ငံတိုကျိုမြို့ သို့ရောက် သည်။ ၁၉၄၁ ခုနှစ် မတ်လ ၃ ရက်နေ့ တွင် ရုပ်ဖျက်ပြီး မြန်မာနိုင်ငံသို့ပြန်လာ ခဲ့သည်။ မတ်လ ၉ ရက်နေ့တွင် ရဲဘော် သုံးကျိပ်အဖွဲ့ဝင်များထဲမှပထမအသုတ် ကို ဂျပန်နိုင်ငံသို့လျှို့ဝှက်စွာခေါ်ဆောင် သွားသည်။ မတ်လ ၂၇ ရက်နေ့တွင် ဂျပန်နိုင်ငံတိုကျိုမြို့သို့ပြန်လည်ရောက် ရှိခဲ့သည်။ ဟိုင်နန်ကျွန်းတွင် ပင်ပန်းကြီး စွာဖြင့် စစ်ပညာသင်ယူခဲ့ကြသည်။ဦးလွန်းဖေနေအိမ်၌ လက်မောင်းသွေး ဖောက်သောက်ကာ ဗမာ့လွတ်လပ်ရေး တပ်မတော်(Burma Independence Army-BIA)ကိုဖွဲ့စည်းခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ချီတက်ခဲ့ပြီး ထိုနှစ်မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ ကိုသိမ်းပိုက်ခဲ့သည်။ ဇူလိုင်လ ၂ ရက် နေ့တွင် ဘီအိုင်အေမှဘီဒီအေအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းရာ၌ဗိုလ်မှူးကြီးအဆင့် ဖြင့်စစ်သေနာပတိတာဝန်ထမ်းဆောင်ခဲ့ သည်။ စက်တင်ဘာလ ၆ ရက်နေ့တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်ထိမ်းမြားခဲ့ ပါသည်။၁၉၄၃ ခုနှစ်မတ်လ ၁၁ ရက်နေ့တွင် ဗိုလ်မှူးကြီးအဆင့်မှဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခံရသည်။ သြဂုတ်လ ၁ ရက်နေ့ တွင် စစ်ဝန်ကြီးတာဝန်ကိုလည်းပူးတွဲတာ ဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၄ ခုနှစ် သြဂုတ်လတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး (ဖဆပလ)ကိုလျှို့ဝှက်စွာဖွဲ့စည်းခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ရန်သူကိုတိုက်ခိုက်ရန်အတွက် တပ်မ တော်ကို ဦးဆောင်၍ စစ်မြေပြင်သို့ ထွက်ခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်ကို တရားဝင်စစ်ကြေညာ ကာ တော်လှန်တိုက်ခိုက်ခဲ့သည်။
လွတ်လပ်ရေးကြိုးပမ်းမှု
ထို့နောက် သြဂုတ်လ ၁၉ ရက်နေ့ တွင်ပြုလုပ်သောနေသူရိန်အစည်းအဝေး ကြီး၌သဘာပတိအဖြစ် ဆောင်ရွက်၍ ဗမာ့လွတ်လပ်ရေးကိုတောင်းဆိုခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့ တွင် ရွှေတိဂုံဘုရားအလယ်ပစ္စယံ၌ ကျင်းပသော ပြည်လုံးကျွတ် (ဖဆပလ) ညီလာခံက အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။ ထိုနှစ် စက်တင် ဘာလ ၂၆ ရက်နေ့တွင် ဗြိတိန်ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ဒုတိယသဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လန်ဒန်မြို့၊ အမှတ်(၁ဝ)၊ ဒေါင်းနင်းလမ်းရှိ ဝန်ကြီး ချုပ်ဧည့်ဂေဟာ၌ ဗြိတိသျှဝန်ကြီးချုပ် အက်တလီခေါင်းဆောင်သော ကိုယ်စား လှယ် အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ဇန်နဝါရီလ ၂၈ ရက်နေ့တွင်အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဆိုခဲ့သည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။ ဖေဖော်ဝါရီလ၈ရက်နေ့တွင်ရှမ်းပြည်နယ် (တောင်ပိုင်း)ပင်လုံမြို့သို့ ရောက်ရှိသည်။ မြန်မာ့လွတ်လပ်ရေးအတွက် များစွာ အရေးပါသော တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို လှစ်ဟပြသည့်တောင်တန်း နှင့်ပြည်မပူးပေါင်းသည့်ပင်လုံစာချုပ်ကြီး ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဦးဆောင်ချုပ်ဆိုနိုင်ခဲ့သည်။
ဇွန်လ ၁၆ ရက်နေ့တွင် ပြုလုပ်သော ပထမဆုံးအကြိမ်တိုင်းပြုပြည်ပြုလွှတ် တော်၌ အချုပ်အခြာအာဏာပိုင်သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းရန် အဆိုတင် သွင်းခဲ့သည်။ ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့တော်ခန်းမ၌ တိုင်းပြည်အတွက် အရေးကြီးဆုံးသောမိန့်ခွန်းမြွက်ကြားခဲ့ သည်။ ထိုမိန့်ခွန်းသည် ဗိုလ်ချုပ်အောင် ဆန်း၏ နောက်ဆုံးမိန့်ခွန်းဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် (စနေနေ့) ၁ဝ နာရီ ၃၇ မိနစ် အချိန်တွင် နယ်ချဲ့ လက်ပါးစေများ၏လက်ချက်ဖြင့် ကျဆုံး ခဲ့ရပါသည်။
စွန့်လွှတ်အနစ်နာခံမှုများ
လွတ်လပ်ရေး၏ဖခင် ဗိုလ်ချုပ် အောင်ဆန်းသည် ငယ်စဉ်ကတည်းက အများနှင့်မတူ တစ်မူထူးခြားစွာ နေထိုင် လေ့ရှိသည်။ မိဘများ၊ဆရာသမားများ အပေါ်တွင် မုသားစကားပြောဆိုလေ့မရှိ ဘဲကလေးသဘာဝမိမိ၏စိတ်ထဲတွင် ဖြစ်ချင်သောဆန္ဒအမှန်ကို ထုတ်ဖော် ပြောကြားဝံ့သောသတ္တိရှိခဲ့သည်။ ထို့ အပြင် ကလေးဘဝတွင်ပြုမူခဲ့သည့် အမှားများကိုလည်း ရဲဝံ့စွာဝန်ခံရဲသော ရိုးသားဖြောင့်မတ်သည့် စိတ်ထားကို ပိုင်ဆိုင်ထားရှိပြန်သည်။ ထိုစိတ်နေ စိတ်ထားများသည် အနာဂတ်ကိုစီမံခန့်ခွဲ မည့်မျိုးဆက်သစ်လူငယ်များအတွက် အတုယူသင့်သော မွန်မြတ်တည်ကြည် သည့်စိတ်ဓာတ်ပင်ဖြစ်သည်။
ကိုအောင်ဆန်းသည်တက္ကသိုလ်ကျောင်း သားဘဝတွင်လည်း ကြွားဝါထောင်လွှား မှုမရှိဘဲကျောင်းစာကိုသာ အပတ်တကုတ် ကြိုးစားခဲ့သည်။ ထို့အပြင် သူတစ်ပါး အကြိုက်အားနာပြီးလိုက်ပါပြောဆိုပြု မူလေ့မရှိဘဲ အရှိကိုအရှိတိုင်း ပြောဆို ဆက်ဆံပြုမူခဲ့သဖြင့် ကျောင်းသားများ အကြားတွင် ပေါင်းသင်းဆက်ဆံရခက်ခဲ သည့်လူတစ်ဦးဟုရှုမြင်ခံခဲ့ရသည်။ တခြား သူများမည်ကဲ့သို့ပင်လက်ညှိုးထိုးနေစေ ကာမူဖြောင့်မတ်စွာရပ်တည်ကြိုးစားခဲ့ သဖြင့်တက္ကသိုလ်ကျောင်းသားခေါင်းဆောင် အဖြစ် ရွေးချယ်ခံခဲ့ရသည်။သူ့ကျွန်ဘဝကျရောက်နေသော တိုင်း ပြည်ကိုနယ်ချဲ့တို့၏လက်အောက်မှလွတ် မြောက်ရေးအတွက် ကြိုးပမ်းမည်ဆိုသော ခိုင်မာပြတ်သားသည့် သန္နိဋ္ဌာန်ဖြင့် တက္ကသိုလ်မှထွက်ကာ လွတ်လပ်ရေး ကြိုးပမ်းမှုများကို ဦးဆောင်ခဲ့သည်။ ထိုသို့ကိုယ်ကျိုးမဖက်သည့် စိတ်ဓာတ် ဖြင့်ဆောင်ရွက်ခဲ့မှုများသည် သာမန်လူတို့ ဆောင်ရွက်နိုင်ခဲသော စွန့်လွှတ်အနစ် နာခံမှုပင်ဖြစ်သည်။လွတ်လပ်ရေး အတွက် နယ်ချဲ့အားတိုက်ထုတ်ရန်သည် ခိုင်မာ တောင့်တင်းပြီးစနစ်တကျဖွဲ့စည်းထား သည့် လက်နက်ကိုင်အဖွဲ့အစည်းတစ် ရပ်ရှိရမည်ဆိုသော တွေးခေါ်မြော်မြင်ဆုံး ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအိုင် အေ၊ဘီဒီအေ၊ပီဘီအက်(ဖ်) တပ်မတော် များနှင့်အတူ နယ်ချဲ့နှင့်ဖက်ဆစ်ဂျပန် တို့ကို မြန်မာ့မြေပေါ်မှအမြစ်ပြတ်ချေမှုန်း တိုက်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် မြန်မာ့ လွတ်လပ်ရေးအတွက်လည်း နယ်ချဲ့တို့ထံ တည်တံ့စွာပြောဆိုတောင်းဆိုနိုင်ခဲ့သည်။ နယ်ချဲ့တို့ထံ လွတ်လပ်ရေးတောင်းဆိုရေး အတွက် တိုင်းပြည်အတွင်း တရားမျှတ သော ရွေးကောက်ပွဲကြီးကျင်းပကာ တိုင်းပြုပြည်ပြုလွှတ်တော်ကြီးကျင်းပ နိုင်ခဲ့သည်။ ထိုလွှတ်တော်ကြီးမှ တိုင်း ပြည်အတွက် အရေးပါသော ဆုံးဖြတ် ချက်များချမှတ်နိုင်ခဲ့သည်။ ထို့နောက် လွတ်လပ်သောအချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ဖွဲ့စည်းထူထောင်ရန်အရေး ကြီး အဆိုကိုတင်သွင်းနိုင်ခဲ့သည်။ ဗိုလ် ချုပ်၏ အမြော်အမြင်ကြီးမားမှုကြောင့် တစ်နှစ်အကြာတွင် ကျွန်တော်တို့နိုင်ငံ နှင့်လူမျိုးအတွက် အသက်တမျှအရေးပါ သော လွတ်လပ်ရေးကြီးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် လက်ဝယ်ပိုင် ပိုင်ရယူနိုင်ခဲ့ပါသည်။
ခြုံ၍တင်ပြရလျှင် အာဇာနည်ခေါင်း ဆောင်ကြီးများ ကျဆုံးသွားခဲ့သည်မှာ ဇူလိုင်လ ဖြတ်ဆောင်ရွက်နိုင်စွမ်းကလည်း အသက် အရွယ်နှင့်မလိုက်သောရင့်ကျက်မှုကိုပြသ ခဲ့ခြင်းပင်ဖြစ်သည်။
တပ်မတော်ဖွဲ့စည်းရေးအတွက် လိုအပ်လျက်ရှိသည့်နိုင်ငံခြားအကူအညီ ရရှိရေး ပြည်ပသို့တိတ်တဆိတ်ထွက်ခွာ ခဲ့ရာတွင်လည်း အခက်အခဲပေါင်းစုံကြုံ တွေ့ခဲ့ရပြန်သည်။ သို့သော် ခိုင်မာပြတ် သားသည့်သန္နိဋ္ဌာန်ကြောင့် ရည်မှန်းချက် ပြီးမြောက်အောင် ဆောင်ရွက်နိုင်သဖြင့် ရဲဘော်သုံးကျိပ်နှင့်အတူစစ်ပညာ သင်ယူ ဆည်းပူးနိုင်ခဲ့သည်။ ထို့နောက် လွတ်လပ် ရေးအတွက် အသက်ပေးသွားမည်ဟု သစ္စာဆိုကာ လက်မောင်းသွေးဖောက် သောက်ပြီးဗမာ့လွတ်လပ်ရေးတပ်မတော် ကြီးကို ဖွဲ့စည်းနိုင်ခဲ့သည်။၁၉ ရက်နေ့တွင် (၇၁)နှစ်ပြည့် မြောက်တော့မည်ဖြစ်သည်။ အာဇာနည် ခေါင်းဆောင်ကြီးသည် လူ့ဘဝတွင်နေ ထိုင်ခဲ့သည့်သက်တမ်း ၃၃ နှစ်ကာလ အတွင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ကိုပင်စွန့်လျက်မနားမနေ ကြိုး စားခဲ့သည်မှာ နိုင်ငံသားအားလုံး အတု ယူဖွယ်ရာဖြစ်သည်။ ထို့ကြောင့်မျိုးဆက် သစ်လူငယ်များအနေဖြင့် အာဇာနည် ခေါင်းဆောင်ကြီး၏ဘဝအကြောင်းကို လေ့လာကာဗိုလ်ချုပ်ကဲ့သို့ပင်တိုင်းပြည် နှင့် လူမျိုးအကျိုးကိုသယ်ပိုးနိုင်သူများ ဖြစ်နိုင်ကြပါစေ။