images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
မြန်မာအစိုးရဝန်ကြီးဌာနအချို့အား အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်မည်
NG Wednesday, 11 July 2018
အမေရိကန်အစိုးရသည် နိုင်ငံ အတွင်းသို့ ရောက်ရှိနေသူများ အား မိခင်နိုင်ငံသို့ ပြန်လည်ပို့ ဆောင်သည့် အစီအစဉ်အားဖော် ဆောင်ရာတွင် မြန်မာနိုင်ငံသို့ပြန်ပို့ လိုသူများအား ပြန်ပို့ခွင့်ပေးရန် အဆိုပြုခဲ့ခြင်းကို လက်ခံခဲ့ခြင်း မရှိသောကြောင့် မြန်မာအစိုးရအဖွဲ့ အတွင်း၌ပါဝင်သော ဝန်ကြီးဌာန နှစ်ခုအား ပြည်ဝင်ခွင့်ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ကြောင်း တိုင်းမ်သတင်း ဌာနက ဖော်ပြသည်။
အမေရိကန်အမိမြေလုံခြုံရေး ဝန်ကြီးဌာနသည် သမ္မတ၏အမိန့် ဖြင့် နိုင်ငံတွင်းသို့ ပြောင်းရွှေ့အခြေ ချသူအဖြစ် ဝင်ရောက်လာသူများ အား မိခင်နိုင်ငံများသို့ပြန်လည်ပို့ ဆောင်သည့် အစီအစဉ်များကို ဆောင်ရွက်နေခြင်းဖြစ်သည်။ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသား အချို့အား မြန်မာနိုင်ငံသို့ပြန်လည် ပို့ဆောင်ရန်အဆိုပြုခဲ့ခြင်းကို လက် ခံခြင်းမရှိသောကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သက် ဆိုင်သည့်ဝန်ကြီးဌာနများအား ပြည် ဝင်ခွင့်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာနတွင် တာဝန်ထမ်းဆောင်နေသူ များနှင့် ၄င်းတို့၏မိသားစုဝင်များ အပေါ် ပြည်ဝင်ခွင့်ပိတ်ပင်မှုပြု လုပ်သွားမည်ဖြစ်ကြောင်း အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ထို့အပြင် အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် လာအိုကိုလည်း အလားတူပိတ်ပင် မှုမျိုးပြုလုပ်ခဲ့သည်။