images
UN
UN
ထမ့်လုံခွန်နမ့်လိုဏ်ဂူအား ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်ရာနေရာတစ်ခုအနေဖြင့် သတ်မှတ်ပြီးပြုပြင်မွမ်းမံမည်
မောင်စိန်ဝင်း Wednesday, 11 July 2018
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ် ဆိုင်မြို့ ပုံဖာရပ်ကွက် ဒွိုင်းနန်း နွန်းတောင်ခြေရှိ ထမ့်လုံခွန်နမ့် လိုဏ်ဂူအား ကမ္ဘာလှည့်ခရီးသွား များဆွဲဆောင်ရာ နေရာတစ်ခုအနေ ဖြင့်သတ်မှတ်ပြီး ပြုပြင်မွမ်းမံသွား မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ် ဆိုင်မြို့ ပုံဖာရပ်ကွက် ဒွိုင်းနန်း နွန်းတောင်ခြေရှိ ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်း၌ ပိတ်မိခဲ့ကြသော လူငယ်ဘောလုံးအသင်းဝင် ၁၂ ဦး နှင့်နည်းပြတို့အား နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များကယမန်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲ မတိုင်မီတွင် အပြီးသတ်ကယ် ထုတ်ခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွင်ပါဝင်ဆောင်ရွက်သူ များအားလုံးကို အထူးကျေးဇူး တင်ရှိကြောင်းနှင့် အဆိုပါကယ် ဆယ်ရေးလုပ်ငန်းမှာ ထိုင်းနိုင်ငံ တွင်သာမက ကမ္ဘာ့သမိုင်းတွင် မဖြစ်ပေါ်ဖူးသေးသည့် သမိုင်းဝင် အဖြစ်အပျက်ဖြစ်ကြောင်း ကယ် ဆယ်ရေးကိုကြီးကြပ်ခဲ့သည့် ချင်းရိုင် ခရိုင်အုပ်ချုပ်ရေးမှူး နလုန်းဆတ် အိုစထာနကွန်းက ယမန်နေ့ ကယ် ဆယ်ရေးလုပ်ငန်းအပြီးတွင် လိုဏ်ဂူ အနီးရှိ ပုံဖာကျေးရွာအုပ်ချုပ်ရေး မှူးရုံး၌ ဖွင့်လှစ်ထားသော မီဒီယာ စင်တာ၌ ညပိုင်းပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားလိုက်ကြောင်း သိရသည်။
လက်ရှိအနေအထားအရ ထမ့် လုံခွန်နမ့် လိုဏ်ဂူအတွင်း ၁၈ ရက် ကြာပိတ်မိခဲ့ကြသည့် လူငယ်ဘော လုံးအသင်းဝင် ၁၂ ဦးနှင့် နည်းပြ တို့မှာ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့်လိုဏ်ဂူနှင့် ၃၅ မိုင်အကွာတွင်တည်ရှိသော ချင်းရိုင် ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ် မတ်ဆောင် သီးသန့်အခန်းများ၌ ဆေးကုသမှုခံယူလျက်ရှိပြီး တာဝန် ရှိသူများက ၄င်းတို့၏မိသားစုဝင် များနှင့် ဖုန်းအဆက်အသွယ်ပေး ထားကာ အစားအသောက်ပုံမှန်စား သောက်နိုင်ရန်နှင့် အလင်းရောင်ကို တဖြည်းဖြည်းကြည့်နိုင်ရန် ဆေး ကုသပေးလျက်ရှိကြောင်းနှင့် ကနဦး ဆေးရုံသို့ ရောက်ရှိလာကြသည့် လူငယ်များ၏ ဆေးစစ်ချက်များကို ဘန်ကောက်ဆေးရုံကြီးသို့ ပို့ဆောင် ထားပြီး ဆေးစစ်မှုအဖြေလွှာရလဒ် မှာ နှစ်ရက်အတွင်း ရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။
ထို့အပြင် ထမ့်လုံခွန်နမ့်လိုဏ်ဂူ အတွင်းပိတ်မိနေကြသည့် လူငယ် ဘောလုံးအသင်းဝင်များနှင့်နည်း ပြတို့အား ရုရှားနိုင်ငံ၌ ယခုလ၁၅ ရက်တွင်ကျင်းပမည့် ကမ္ဘာ့ဖလား နောက်ဆုံးပွဲစဉ်သို့တက်ရောက်ရန် ဖိတ်ကြားထားရာ လူငယ်များ အနေဖြင့် ဆေးရုံတွင်ကုသမှုခံယူ နေရဆဲဖြစ်၍ တက်ရောက်နိုင် မည်မဟုတ်ကြောင်း ထိုင်းပြည်သူ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျေးဆဒါးချုတ်ဒမ်းလုန်းဆွတ် က ပြောကြားထားပြီး လူငယ် ဘောလုံးအသင်းဝင်များနှင့် ကယ် ဆယ်ရေးအဖွဲ့များအား လာမည့် ရာသီအတွင်း အိုးထရက်ဖို့သို့ လာရောက်ရန်အတွက် ယမန်နေ့ ညနေပိုင်းက လူငယ်ဘောလုံး အသင်းဝင်များအတွက် ကယ်ဆယ် ရေးလုပ်ငန်းဆောင်ရွက်အပြီးတွင် မန်ချက်စတာယူနိုက်တက် အသင်း က ဖိတ်ကြားလိုက်ကြောင်းလည်း သိရသည်။