images
UN
UN
ပေါင်သန်း ၁ဝဝ ကျော်ဖြင့် စီရော်နယ်ဒိုအား ဂျူဗင်တပ်ခေါ်ယူ စီရော်နယ်ဒို၏ ဂျူဗင်တပ်နှင့် ပထမဆုံးပွဲစဉ်မှာ ရီးရဲလ်ကိုယှဉ်ပြိုင်ရမည့်ပွဲဖြစ်နိုင်
Wednesday, 11 July 2018
ဂျူဗင်တပ်သည် ရီးရဲလ်တိုက် စစ်မှူးစီရော်နယ်ဒိုအား ပေါင်သန်း ၁ဝဝ ကျော်ဖြင့် ခေါ်ယူလိုက်ပြီဖြစ် သည်။ ဂျူဗင်တပ်ဥက္ကဋ္ဌအက်ဂ် နယ်လီသည် ပြီးခဲ့သောအင်္ဂါနေ့က စီရော်နယ်ဒိုနှင့် မိသားစု အပန်းဖြေ ခရီးထွက်နေသောဂရိသို့သွားရောက် ကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် ခဲ့ပြီးနောက် အတည်ပြုချက်ထုတ် ပြန်လိုက်ခြင်းလည်းဖြစ်သည်။
ဂျူဗင်တပ်သည် စီရော်နယ်ဒို ၏ အပြောင်းအရွှေ့အတွက် ပေါင် ၈၈ သန်းဖြင့်သာ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သော်လည်း ပေါင်သန်း ၁ဝဝ ကျော်အထိကျသင့်ခဲ့သည်။ စီရော် နယ်ဒို၏အေးဂျင့် ဂျော့မန်ဒက်က အပြောင်းအရွှေ့အတွက် ပေါင် ၁ဝ ဒသမ ၆ သန်းအထိရရှိခဲ့ပြီး ၄င်း ၏အသင်းဟောင်းများဖြစ်သော စပို့တင်းနှင့် မန်ယူတို့က ပေါင်၎ ဒသမ ၄ သန်းကို ခွဲဝေရရှိကြမည် ဖြစ်သည်။ စီရော်နယ်ဒိုသည် တစ် ပတ်လုပ်ခပေါင်ငါးသိန်းဖြင့် လေး နှစ်စာချုပ် ချုပ်ဆိုရန် သဘော တူညီခဲ့ခြင်းလည်းဖြစ်သည်။ ထို့ ကြောင့် ၄င်းသည် တစ်နှစ်လုပ်ခ ပေါင် ၂၆ ဒသမ ၆ သန်းအထိ ရရှိမည်ဖြစ်သည်။
ပြီးခဲ့သည့်ရက်အနည်းငယ် ကတည်းက ဂျူဗင်တပ်၏ အမှတ် တရပစ္စည်းအရောင်းဆိုင်များတွင် စီရော်နယ်ဒို၏အင်္ကျီကိုရောင်းချနေ ခဲ့ခြင်းဖြစ်သည်။ စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်၌ ပွဲပေါင်း ၄၃၈ ပွဲ ပါဝင်ကစားခဲ့ပြီး စုစုပေါင်း ဂိုး ၄၅ဝအထိ သွင်းယူပေးနိုင်ခဲ့သည်။ ၄င်းသည် လာလီဂါဖလားနှစ်လုံး၊ ဘုရင့်ဖလား နှစ်လုံး၊ စူပါဖလား နှစ်လုံး၊ ချန်ပီယံလိဂ်ဖလားလေး လုံး၊ ဥရောပစူပါဖလားနှစ်လုံးနှင့် ကမ္ဘာ့ကလပ် ချန်ပီယံများဖလား သုံးလုံး ရရှိခဲ့သည်။
စီရော်နယ်ဒိုသည် ဂျူဗင်တပ် နှင့် ပထမဆုံးပွဲစဉ်အဖြစ် ရီးရဲလ် ကို ပြန်လည်ရင်ဆိုင်ရဖွယ်ရှိနေ သည်။ ရီးရဲလ်နှင့်ဂျူဗင်တပ်တို့ သည် သြဂုတ် ၄ ရက်တွင် ဝါရှင် တန်မြို့၌ နိုင်ငံတကာချန်ပီယံများ ဖလားပွဲယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ Ref ;Dailymail