images
UN
UN
မာရက်ဇ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မန်စီးတီးခေါ်ယူ
Wednesday, 11 July 2018
မန်စီးတီးသည် လက်စတာကွင်းလယ်လူမာရက်ဇ် အား အသင်း၏စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၆ဝ ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ပြီးခဲ့သောဇန်နဝါရီအပြောင်းအရွှေ့ ကာလကတည်းက မာရက်ဇ်ကိုခေါ်ယူရန်ကြိုးစားခဲ့ ခြင်းဖြစ်သည်။ မာရက်ဇ်သည် မန်စီးတီးနှင့် ငါးနှစ် စာချုပ်ချုပ်ဆိုခဲ့သည်။ ယခင်က မန်စီးတီး၏ စံချိန်တင် အပြောင်းအရွှေ့မှာ ဘီလ်ဘာအိုမှ လာပေါ်တီဖြစ်ပြီး ပေါင် ၅၇ သန်းပေးခဲ့ရသည်။
မာရက်ဇ်က ''မန်စီးတီးရဲ့ကစားပုံကို ကြည့်ပြီး ပျော်ရွှင်ကျေနပ်မှုတွေဖြစ်ခဲ့ရဖူးပါတယ်။ ဂွါဒီယိုလာရဲ့ လက်အောက်မှာ ပိုပြီးတိုးတက်လာမယ်လို့ မျှော်လင့် သလို အသင်းရဲ့အောင်မြင်မှုတွေမှာ ပါဝင်နိုင်မယ်လို့ လည်း ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။ မာ ရက်ဇ်သည် လက်စတာအသင်းအတွက် ၁၇၉ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၄၈ ဂိုးသွင်းယူကာ ပီအက်ဖ်အေ အကောင်းဆုံးဆုကို ရရှိခဲ့ဖူးသူလည်းဖြစ်သည်။
Ref ;BBC