images
UN
UN
ဒုတိယရှေ့နေချုပ် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူးနှင့်အဖွဲ့အားလက်ခံတွေ့ဆုံ
Wednesday, 11 July 2018
ပြည်ထောင်စုရှေ့နေချုပ်၏ကိုယ် စားဒုတိယရှေ့နေချုပ်ဦးဝင်းမြင့်သည် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာ ဖောင်ဒေးရှင်း(ILF) မှအမှုဆောင် ညွှန်ကြားရေးမှူးMs. Jennifer Smith နှင့်အဖွဲ့အားပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီက လက်ခံ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
လက်ခံတွေ့ဆုံဆွေးနွေးရာတွင် ILFသည် ရန်ကုန်နှင့် မန္တလေး မြို့တို့တွင် ပြစ်မှုဖြင့်စွပ်စွဲခံရသူများ ကို ဥပဒေရေးရာအထောက်အကူ များပံ့ပိုးပေးလျက်ရှိရာ တရားစွဲ အမှုလိုက်လုပ်ငန်းများတွင် မျှတ သည့် တရားစီရင်ရေးဖြစ်ထွန်း လာစေရေး၊ အမှုလိုက်ဥပဒေ အရာရှိများအတွက် လိုအပ်သော သင်တန်းများကို စီစဉ်ဆောင်ရွက် ရေး၊ ဥပဒေဆိုင်ရာ အထောက် အကူပေးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များချမှတ်နိုင်ရေးစသည် တို့ကိုဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယ ရှေ့နေချုပ်နှင့်အတူ အမြဲတမ်း အတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြား ရေးမှူး ဦးအောင်သျှန်တို့လည်း တက်ရောက်ကြကြောင်းသိရသည်။