images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
နိုင်ငံတကာအဆင့်မီကားကြီးကွင်း ချမ်းမြရွှေပြည်ကားကွင်းတည်ဆောက်တော့မည်ဟုဆို
ထက်မြတ်(မန္တလေး) Wednesday, 11 July 2018
ချမ်းမြရွှေပြည်(ကျွဲဆည်ကန်) ကားကြီးကွင်းအား နိုင်ငံတကာ အဆင့်မီစေရန်အတွက် အဆင့်မြှင့် တင်တည်ဆောက်ခြင်းလုပ်ငန်းကို ၂ဝ၁၉ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ဆောက်သွားမည်ဖြစ် ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့ တော်ဝန်ကပြောသည်။
''တင်ဒါအောင်မြင်တဲ့ကုမ္ပဏီ နဲ့ စာချုပ်ချုပ်ပြီးတာတော့ ကြာ ပါပြီ။ တည်ဆောက်မယ့် ဒီဇိုင်း ပုံစံကိုစိတ်ကြိုက်မဖြစ်တဲ့အတွက် ပြန်လည်ရေးဆွဲခိုင်းခဲ့တယ်။ ဒါ ကြောင့်ဒီဇိုင်းတင်သွင်းမှုကြန့်ကြာ ခဲ့တာပါ။ အခုတင်ပြလာတဲ့ ဒီဇိုင်း ကိုကျွန်တော်တို့ အတည်ပြုလက်ခံ လိုက်ပါပြီ။ အခုဆိုရင် MIC ရဲ့ ခွင့်ပြုချက်လည်းရပြီဖြစ်တဲ့အတွက် မြေပြင်မှာ စတင်လုပ်ကိုင်လို့ရတဲ့ အနေအထားကို ရောက်ရှိသွားပါ ပြီ '' ဟု ၄င်းကပြောသည်။
အဆိုပါကားကြီးကွင်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ခရီးသွား ပြည်သူများ စိတ်ချမ်းမြေ့စွာသွား လာနိုင်စေရန်နှင့် ခေတ်မီစနစ်ကျ သော မြို့တော်ဖြစ်စေရန် ရည်ရွယ် ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဆောက်လုပ်ခွင့်အတွက် တင်ဒါ အောင်မြင်ခဲ့သောM Development ကုမ္ပဏီနှင့်မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ကျွဲဆည်ကန်ကားကြီးကွင်း အဆင့်မြှင့်တင်ရန်အတွက် တံခွန် တိုင်အဝိုင်းအနီးတွင် ယာယီကား ကွင်းကို ခြောက်လနှင့်အပြီးတည် ဆောက်ကာ စနစ်တကျပြောင်းရွှေ့ နိုင်ရန် ယာယီကားကြီးကွင်း တည်ဆောက်မည့် ဒီဇိုင်းကိုလည်း အတည်ပြုပြီးဖြစ်သဖြင့် စတင် တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။
''ယခုနှစ်ကုန်ပိုင်းမှာ လက်ရှိ ကားကြီးကွင်းကနေ ယာယီကား ကွင်းကို ပြောင်းရွှေ့အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီလိုအဆင့်မြှင့်တင် တဲ့လုပ်ငန်းမှာ ပြည်သူအားလုံးက စိတ်ချမ်းမြေ့စွာစနစ်တကျနဲ့ ခေတ် မီတဲ့ကားကွင်းအဖြစ် အသုံးပြုနိုင် အောင် ကျွန်တော်တို့စည်ပင်က ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ် ပါတယ်'' ဟု ဒုတိယမြို့တော် ဝန်ကဆက်လက်ပြောသည်။
ကျွဲဆည်ကန်ကားကြီးကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို၂ဝ၁၉ ဇန်နဝါရီမှ ၂ဝ၂ဝပြည့်နှစ်ခရီးသွား ကာလအတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ပြီး ခေတ်မီအဆောက် အအုံများ၊ ဟိုတယ်(သို့မဟုတ်) ကွန်ဒို၊ ကားပါကင်၊ ဈေးဝယ် စင်တာ၊ ဆိုက်ရောက်ထွက်ခွာ နေရာများ၊ နားနေခန်း၊ လက်မှတ် ရောင်းချသည့်စင်တာ၊ စားသောက် ဆိုင်၊ဓာတ်လှေကား၊ကုန်တင်ဂိတ် နှင့်ခရီးသည်အတင်အချပြုလုပ် သည့်နေရာများကို ခွဲခြားထားပြီး တည်ဆောက်မှုပိုင်းဆိုင်ရာများ အားနိုင်ငံတကာအဆင့်မီကားကွင်း အဖြစ်တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။