images
UN
UN
သမိုင်းပေးသော မူလတာဝန်
ကို(တက္ကသိုလ်) Wednesday, 11 July 2018
* ပူသည် အေးသည် စိုစွတ်သည်ကို
ဆိုမည်မညည်း ဝမ်းမနည်း။
* ခွဲရက်တာရှည် နှစ်ပတ်လည်တိုင်
မျက်ရည်လွမ်းဖျား မကျအား။
* တစ်စက်မကျန် နပ်မမှန်စေ
အာခံတွင်းတွက် မငဲ့ကွက်။
* အမျိုးဘာသာ သာသနာနှင့်
ပြည်ရွာအရေး ဦးစားပေး။
* ဤသဘောလျှင်
ယခင်လည်းရှိ ခုလည်းရှိ၍
နောင်ရှိဦးမည် ကမ္ဘာတည်ထိ
စစ်သည်ရင်တွင်း စွန့်လွှတ်ခြင်းကို
ဆောင်ကြဉ်းယူလာ ဘယ်အရာနည်း
ငါသိလို၏ ပြောပါဘိ။