images
UN
UN
နိုင်ငံတော်ဒုတိယသမ္မတဦးမြင့်ဆွေ ၂ဝ၁၈ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အခမ်းအနားတက်ရောက် အဖွင့်မိန့်ခွန်းပြောကြား
ကိုကိုလွင် Wednesday, 11 July 2018
၂ဝ၁၈ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အခမ်းအနားအား နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ယနေ့မွန်းလွဲ ၂ နာရီကကျင်းပခဲ့ရာ နိုင်ငံတော် ဒုတိယ သမ္မတဦးမြင့်ဆွေ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားသည်။
နိုင်ငံတော်ဒုတိယသမ္မတက မိန့်ခွန်းပြောကြားရာတွင် မိသားစုစီမံကိန်း ဖော်ဆောင်ခြင်းဖြင့် လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အထောက်အပံ့ဖြစ်စေခြင်း၊ အမျိုးသားအမျိုးသမီးများနှင့် ကလေးများ၏ လူမှုဘဝများအား မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး သားဖွားမိခင်များ၊
ကလေးသူငယ်များ အချိန်မတိုင်မီ သေဆုံးမှုများကိုလည်း ကာကွယ်နိုင်မည့်အပြင် နာမကျန်းမှုမသန်စွမ်းမှုများအား ကာကွယ် ပေးခြင်းလုပ်သားအင်အားစုများတွင် အမျိုးသမီးများ ပိုမိုပါဝင်လာ စေခြင်းကြောင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်ခြင်း၊ ကလေး များအတွက် အာဟာရဖွံ့ဖြိုးမှုရလဒ်ကောင်းများ ဖြစ်ထွန်းစေခြင်း၊ စာသင်ကြားခွင့်ပိုမိုရှိစေခြင်းဖြင့် ပညာတတ်ကလေးငယ်များ များ ပြားလာစေခြင်း၊ပိုမိုကျန်းမာပျော်ရွှင်သည့် မိသားစုအခြေအနေများ ဖန်တီးပေးနိုင်ခြင်းစသည့် အခွင့်အလမ်းကောင်းများကို ရရှိခံစား နိုင်မည်ဖြစ်ကာမိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုကုန်ကျ စရိတ်များနဲ့ အခြားဆက်စပ်စရိတ်များလျှော့ချနိုင်ခြင်းကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား အထောက်အပံ့ဖြစ်စေနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားအစီအစဉ်အရ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက၂ဝ၁၈ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် ''လူ့အခွင့် အရေးအခြေခံလို့မိသားစုစီမံကိန်းဖော်ဆောင်စို့''ဟူသည့် ဆောင်ပုဒ် ပါအချက်အလက်များအား ပါဝါပွိုင့်ဖြင့်ရှင်းလင်းခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့မှ ဒုတိယဌာနေကိုယ်စား လှယ်၊ ခေတ္တဌာနေကိုယ်စားလှယ်က အမှာစကားပြောကြားခဲ့ကာ မိသားစုစီမံကိန်းနှင့်ပတ်သက်သည့် ဗီဒီယိုပြသခြင်း၊၂ဝ၁၈ ကမ္ဘာ့ လူဦးရေနေ့ဆောင်ပုဒ်နှင့်ပတ်သက်သည့်Animation Video Clip ပြသခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းနှင့် တက် ရောက်လာသူများက ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်ပြခန်းအား ကြည့်ရှုခဲ့ကြကာ အခမ်းအနားပြီးဆုံးခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်ဒုတိယသမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြား သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။