images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
မြိတ်အဝေးပြေးကားဝင်းအတွင်းရှိ ATM စက်မှငွေခိုးယူရန်ကြံစည်မှုဖြစ်ပွား
Dawei Watch Wednesday, 11 July 2018
မြိတ်မြို့ ကုန်းဘောက်ရပ်ကွက် မြိတ်အဝေးပြေးကားဝင်းအသစ်အတွင်း ရှိ ATM ငွေထုတ်စက်မှ ငွေများအား ခိုးယူရန်ကြံစည်မှုတစ်ခု ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။
အဝေးပြေးကားဝင်းအသစ်မှ You & Me စားသောက်ဆိုင် အောက်ထပ်ရှိ CB ဘဏ်၏ ATM ငွေထုတ်စက်မှငွေများအား ခိုးယူရန်ကြံစည်ခဲ့သော်လည်း ငွေ များပါသွားခြင်းမရှိကြောင်း မြို့မ ရဲစခန်းမှ သိရသည်။
''လွယ်မယ်ထင်ပြီးလုပ်လိုက် တာလုပ်လို့မရတော့ပြန်သွားတာ'' ဟု မြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။
ATMစက်၏အောက်ဘက်မှ မီးခံသေတ္တာရဲ့အရှေ့ရှိ သံပြားဖြင့် ပြုလုပ်ထားသည့် အဖုံးအားဆွဲဖွင့် ထားပြီး ပြန်လည်ဖုံးထားခဲ့ကြောင်း စခန်းမှူး ဒုရဲမှူးချိုလွင်ကပြောပြ သည်။
CB ဘဏ်၏ ATM စက်ရှိ ငွေများအား ခိုးယူရန်ကြံစည်မှုမှာ မှန်ကန်ပြီး စက်ထဲရှိငွေပမာဏနှင့် ငွေများပါသွားခြင်းရှိမရှိကိုအတည် ပြုပြောဆိုမရနိုင်သေးကြောင်း CB Bank (မြိတ်ရုံးခွဲ)မှမန်နေဂျာ ဒေါ်စုမာက ပြောသည်။
အခင်းဖြစ်ပြီးနောက် စက်အား ဖွင့်ဖောက်ခဲ့ရာ ကျပ်သိန်းနှစ်ရာငါး ဆယ်ကျော်ရှိနေသည့်အတွက် များ ပြားလှသည့် ငွေပမာဏတစ်ခုဖြစ် ပြီး ယင်းအတွက် လုံခြုံရေးဝန် ထမ်းထားသင့်ကြောင်း မြို့မရဲ စခန်းစခန်းမှူးကပြောသည်။ATMစက်ရှိ ငွေများအား ခိုးယူရန်ကြံ စည်သူအား ဖမ်းဆီးရမိခြင်းမရှိ သေးကြောင်း သိရသည်။