images
UN
UN
တက္ကသိုလ်ဝင်တန်းအောင်ပါတီဝင်များ၏မိသားစုဝင်များအား စဉ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဂုဏ်ပြု
သုတ Wednesday, 11 July 2018
စဥ့်ကိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ ပါတီဝင်များ၏ မိသားစုဝင်များအနက်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အား အောင်မြင်ခဲ့သူများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ သူများအား ဂုဏ်ပြုပွဲအခမ်းအနားနှင့် ပါတီရပ်/ ကျေးပုံမှန်အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီ ခွဲကမြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီကော်မတီဝင်ဒေါ်သိင်္ဂီအောင် ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး တက္ကသိုလ်ဝင် စာမေးပွဲအား လေးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်နှင့် ရိုးရိုးအောင်ငါးဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ဂုဏ်ပြုဆုငွေများ အား ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပါတီရပ်/ကျေးပုံမှန်အစည်းအဝေး အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့သည်။
တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ သော ရပ်/ကျေးကော်မတီအဖွဲ့များ၏ မိသားစုဝင် များအား ဂုဏ်ပြုပွဲနှင့် ရပ်/ကျေးပါတီပုံမှန်အစည်း အဝေးသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ခရိုင်ကော်မတီဝင်ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးကြည်ပြုံး၊မြို့နယ်ပါတီအတွင်း ရေးမှူးဦးထွန်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ ရပ်/ကျေးပါတီများမှဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် များတက်ရောက်ခဲ့ကြကြောင်း သိရသည်။