images
UN
UN
(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးနှင့်ပတ်သက်၍ သတင်းစာရှင်းလင်း
WT Wednesday, 11 July 2018
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံတတိယ အစည်း အဝေးနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော် MICC-2 ရှိNews Briefing Room၌ ကျင်းပခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာကြသည့် သတင်း မီဒီယာများ၏မေးမြန်းမှုများကို သမ္မတရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ(MPC)၊ ဦးစိုင်းကျော်ညွန့်(SNLD)နှင့် ဆလိုင်းလျန်မှုန်း ဆားခေါင်းတို့က ပြန်လည်ဖြေကြားပေးခဲ့ကြသည်။ သတင်းစာရှင်းလင်း ပွဲသို့ သတင်းမီဒီယာ ၅ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။