images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံတတိယ အစည်းအဝေးကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် စတင် ကျင်းပရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်အချို့ကို ဖော်ပြလိုက်ပါသည်။
Wednesday, 11 July 2018
* ငြိမ်းချမ်းရေးဆိုတာ နိုင်ငံတိုင်းလူမျိုးတိုင်းအတွက် တန်ဖိုးဖြတ် လို့မရတဲ့အရိပ်အာဝါသတစ်မျိုးဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ အရိပ်ကောင်းရှိမှသာ တည်ငြိမ်အေးချမ်းတဲ့ လူ့ပတ်ဝန်းကျင်၊ သာယာနာပျော်ဖွယ်ကောင်းတဲ့ လူမှုဘဝ၊ ဖွံ့ဖြိုးတိုးတက်တဲ့ အခြေခံအဆောက်အအုံတွေကို ဖန်တီးတည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။

* ဒီနေ့ခေတ်မှာ ခေတ်စားနေတဲ့ ''အတိတ်သမိုင်းရဲ့ အကျဉ်းသား မဖြစ်စေနဲ့''ဆိုတဲ့စကားဟာ ဒီသမိုင်းထဲက အတိတ်ရဲ့နာကြည်း စရာတွေ၊ ရန်ငြိုးရန်စဖြစ်စရာတွေ သတိပေးထားခြင်းဖြစ်တာ ကြောင့် သင်ခန်းစာယူရမှာတွေကိုတော့ ဆက်လက်သင်ခန်းစာ ရယူပြီး အမြင်သစ်၊ အသွင်သစ်နဲ့ ဆောင်ရွက်သွားရမှာဖြစ်ပါ တယ်။

* တပ်မတော်ကြောင့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ပေါက်လာရသယောင်၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ဖြစ်ရသယောင် ပြောဆိုနေခြင်းများဟာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေအတွက် အန္တရာယ်များလှတဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ဆောင်ရွက်ချက်များဟာ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို အကာအကွယ်ပေးခြင်းနဲ့ ပြည်သူ လူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ အကျိုးစီးပွားကို အကာ အကွယ်ပေးခြင်းသာ ဖြစ်ပါတယ်။

* ညီညွတ်တဲ့ အင်အား၊ စွမ်းအားကို ပဲ့သွားဖို့ ယိုင်နဲ့သွားစေဖို့နဲ့ သွေးထိုးနေတာ သတိပြုဖို့လိုပါတယ်။ ''ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်''ဆိုပေမယ့် ရွေ့အောင်မတွန်းနိုင်ရင် ကျွန်တော် တို့ အလုပ်လုပ်နေတာတွေဟာ အလုပ်ပြီးမြောက်မှုရလဒ်နဲ့ တိုင်းတာပါက ''သုည''ပဲ ဖြစ်ပါလိမ့်မယ်။

* အိမ်နီးချင်း မိတ်ဆွေနိုင်ငံများကိုလည်း ကျွန်တော်တို့ နိုင်ငံကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်ရာမှာ ထာဝရငြိမ်းချမ်းတည်ငြိမ်တဲ့ နယ်စပ်ဒေသ များ ဖြစ်စေရေးအတွက် အလေးထားညှိနှိုင်းဆောင်ရွက်သွား မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။