images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
တက္ကသိုလ်ဝင်တန်းအောင် ပါတီဝင်များ၏ မိသားစုဝင်များအား စဉ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ပြု
သုတ(မန္တလေး) Thursday, 12 July 2018
စဥ့်ကိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ ပါတီဝင်များ၏ မိသားစုဝင်များအနက် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သူ များနှင့် ထူးချွန်စွာအောင်မြင်ခဲ့သူ များအား ဂုဏ်ပြုပွဲအခမ်းအနားနှင့် ပါတီရပ်/ကျေး ပုံမှန်အစည်းအဝေး ကို ယမန်နေ့ နံနက်၉နာရီခွဲက မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပ ခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသ ကြီး ပါတီကော်မတီဝင် ဒေါ်သိင်္ဂီ အောင်က အဖွင့်အမှာစကားပြော ကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ တွင် လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် နှင့် ရိုးရိုးအောင်ငါးဦးအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့်အတူ ဂုဏ်ပြုဆု ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ထို့နောက် ပါတီရပ်/ကျေး ပုံမှန် အစည်းအဝေးအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့သည်။