images
UN
UN
နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံ၍ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရန် မြန်မာကုမ္ပဏီများ လာရောက်မှတ်ပုံတင်ခြင်းမရှိသေး
ကိုကိုလွင် Thursday, 12 July 2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကုန်း ပိုင်းနှင့်ကမ်းလွန်လစ်လပ်လုပ်ကွက်များ၌ ရေနံနှင့် ဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ် နိုင်ရေးအတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားရေးစာချုပ်ဖြင့်လည်းကောင်း၊ ရေနံ တိုးတက်ထုတ်ယူရရှိရေးစာချုပ်ဖြင့်လည်း ကောင်း၊ နိုင်ငံခြားရေနံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်နိုင်ရန် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူခဲ့ရာ ယနေ့အချိန်အထိ မြန်မာ့ရေနံကုမ္ပဏီများ အနေဖြင့် သက်ဆိုင်ရာဌာနသို့ တင်ဒါ လျှေက်လွှာလာရောက် တင်ထားခြင်းလုံးဝ မရှိသေးကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီးရုံးတွင်ပြုလုပ်သည့် ယင်းဌာန၏ ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့မှ ၆/၂ဝ၁၈ဖြင့် ထုတ် ပြန်မှုအရ သိရသည်။
''မြန်မာကုမ္ပဏီတွေကို မှတ်ပုံတင် ဖို့ သတင်းစာတွေထဲကနေ ခေါ်ထားတာ က အခုထက်ထိတော့ ကုမ္ပဏီတစ်ခုမှ လာတင်ထားတာ မရှိသေးဘူး။ လျှောက် လွှာမတင်ရတဲ့ အကြောင်းရင်းကတော့ လျှောက်လွှာက လွယ်လွယ်ကူကူနဲ့တော့ တင်လို့ရတာမဟုတ်ဖူး။ လျှောက်လွှာပုံစံ တွေကိုတော့ MOEE (ဝက်ဘ်ဆိုက်)မှာ တင်ထားပါတယ်။ သူတို့ဒေါင်းလုပ်ဆွဲပြီး ဖြည့်ရမယ်။ Atest တွေလည်း အများကြီး ပါတာပေါ့နော်။ သူတို့ကုမ္ပဏီနဲ့ပတ်သက် တဲ့ဟာတွေပေါ့။ အဲ့ဒါတွေ လုပ်နေရတဲ့ အတွက်ကြောင့် မလာသေးတာပါ''ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်အေးက ပြော သည်။
တင်ဒါခေါ်ယူမှုအား ယခုလ ၃ ရက် မှ ၅ ရက်အထိ နိုင်ငံပိုင်သတင်းစာများ ဖြစ်သည့် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင်လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Website ဖြစ်သည့် www.moee. gov.mm တို့တွင် ကြေညာထားပြီး ရင်းနှီးမြှုပ်နှံမှုအတွက် ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားသည့် မြန်မာ့ ရေနံကုမ္ပဏီများအနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထား ရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီ များဖြင့် ပူးပေါင်းဆောင်ရွက်စေခြင်းမှာ မြန်မာ့ရေနံကုမ္ပဏီများအား ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ် သည့် နည်းပညာများရရှိစေရန်နှင့် နိုင်ငံ တကာမှ ရေနံလုပ်ငန်းလုပ်ဆောင်နေမှု များအပေါ် နိုင်ငံတကာအတွေ့အကြုံများ ရရှိစေကာ မြန်မာကုမ္ပဏီများအနေဖြင့် နည်းပညာနှင့် အကျိုးအမြတ်များ ရရှိနိုင် ရန် ယခုကဲ့သို့ တင်ဒါခေါ်ယူရခြင်းဖြစ် ကြောင်း၊ တင်ဒါခေါ်ယူမှုအတွက် နောက် ဆုံးရက်သတ်မှတ်ထားခြင်း မရှိကြောင်းနှင့် ၂ဝ၁၁ ခုနှစ်က မှတ်ပုံတင်ခဲ့သည့် ရေနံ လုပ်ငန်းလုပ်ကိုင်သည့် မြန်မာကုမ္ပဏီ ၁၆၄ ခုရှိကြောင်းသိရသည်။