images
UN
UN
အိန္ဒိယရဲများ ၀ိတ်မချပါက အလုပ်ဖြုတ်ခံရမည်ဟု ညွှန်ကြားချက်ထုတ်ပြန်
နောင်နောင် Thursday, 12 July 2018
အိန္ဒိယရဲတပ်ဖွဲ့တစ်ခုသည် ၎င်း၏ရဲတပ်ဖွဲ့ဝင်များအာကို ခန္ဓာကိုယ်အလေးချိန်လျှော့ချကြရန်နှင့် ယင်းသို့ မပြုလုပ်ပါက ရာထူးမှဆိုင်းငံ့ခြင်း သို့မဟုတ်အလုပ်ဖြုတ်ခံရမည်ဟု သတိပေးခဲ့ကြောင်း သိရသည်။ Karnataka ပြည်နယ်အရန် ရဲတပ်ဖွဲ့ဌာန (KSRP) မှ အကြီးအကဲ Bhaskar Rao က ၎င်းအနေဖြင့် ၎င်း၏ရဲတပ်ဖွဲ့အတွင်း အ၀လွန်နေသူအရေအတွက် တိုးမြင့်လာခြင်းအပေါ် စိုးရိမ်လာမိခဲ့သည့်အတွက် ယခုကဲ့သို့ ညွှန်ကြားရခြင်းဖြစ်ကြောင်း BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၁၈ လအတွင်း၌ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်သည် လူနေမှုပုံစံနှင့်ဆက်နွယ်သည့် နာမကျန်းဖြစ်မှု များကြောင့် ယခုကဲ့သို့ သတိပေးညွှန်ကြားရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း Bhaskar Rao ကပြောကြားခဲ့သည်ဟု သိရသည်။ ရဲတပ်ဖွဲ့ဝင်များကို လူနေမှုပုံစံနှင့် ပြောင်းလဲရန်နှင့် ကိုယ်အလေးချိန်လျှော့ချရာတွင် ကူညီပံ့ပိုးသွားမည်ဟုလည်း သိရသည်။
KSRP မှ အကြီးတန်းအရာရှိတွေက အဝလွန်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ရွေးချယ်သွားပြီး ၎င်းတို့ကို ကိုယ်အလေးချိန်လျှော့ချရန် လေ့ကျင့်ခန်းအစီအစဉ်များ လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။ KSRP အကြီးအကဲ၏ပြောကြားချက်အရ ရဲတပ်ဖွဲ့ဝင်များသည် ဆန်ဖြင့်အခြေခံ ပြုလုပ်ထားသည့် အကြော်အလှော်များကို အများဆုံး စားကြပြီး ဆေးလိပ်နှင့်အရက် သောက်ကြကြောင်းပြီး လေ့ကျင့်ခန်းလုပ်လေ့မရှိကြောင်း သိရသည်။ ယခုအခါတွင် တပ်ဖွဲ့ဝင်တွေကို လူနေမှုပုံစံပြောင်းလဲရန်နှင့် ကိုယ်အလေးချိန်လျှော့ချနိုင်ရန် KSRP က ရေကူးသင်တန်း များ၊ ယောဂနှင့် အခြား အားကစားလေ့ကျင့်ခန်းမျာဒ လုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးထားသည်ဟု သိရသည်။ ဆရာဝန်များ၏ အကြံပြုချက်အရ ရဲတပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးစစ်ဆေးမှုဖြင့် ၎င်းတို့၏ အစားအသောက် အလေ့အထနှင့် လေ့ကျင့်ခန်း အစီအစဉ်များကို ကြီးကြပ်ညွှန်ကြားနေလျက်ရှိကြောင်းလည်း သိရသည်။ KSRP ရဲတပ်ဖွဲ့မှာ တပ်ဖွဲ့ဝင် ၁၄,၀၀၀ ရှိပြီး နိုင်ငံတော်ပွဲအခမ်းအနားကြီးများအတွက် လုံခြုံရေးဆောင်ရွက်ပေးရသည့်အပြင် အဓိကရုဏ်းများနှင့် ဆူပူအကြမ်းဖက်မှုများကိုလည်း ထိန်းသိမ်းဆောင်ရွက်ရကြောင်း သိရသည်။
Ref: BBC News