images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
အနာဂတ် EU ဆက်ဆံရေးများဆိုင်ရာ ဗြိတိန်၏လမ်းပြမြေပုံ ထုတ်ပြန်ကြေငြာမည်
KK(IR) Thursday, 12 July 2018
အချိန်ကြာမြင့်စွာစောင့်မျှော်ခဲ့ရသည့် အနာဂတ်တွင် ဗြိတိန်၏ ဥရောပသမဂ္ဂ (EU) နှင့်ဆက်ဆံရေးများဆိုင်ရာ အသေးစိပ်အချက်အလက်အစီအစဉ်များကိုဖော်ပြထားသည့် လမ်းပြမြေပုံကို ထုတ်ပြန်ကြေငြာတော့မည်ဟု သိရသည်။ ထို့ပြင် ၀န်ကြီးများ၏ EU မှဗြိတိန်နှုတ်ထွက်ရေး (Brexit) ဆိုင်ရာ လက်တွေ့ကျပြီး မူဝါဒနှင့်ကိုက်ညီသည့် လုပ်ငန်းစဉ် များကို ဖော်ပြသွားမည်ဟု သိရသည်။ အနာဂတ် ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ပြီးပြည့်စုံသည့် မျှော်မှန်းချက်သည် ကမ္ဘာ့ကုန်သွယ်ရေး သဘောတူညီချက်များနှင့် အိုင်ယာလန်မြောက်ပိုင်းတွင် တင်းကျပ်သည့်နယ်စပ် ဖြတ်ကျော်မှု မဖြစ်ပွားရေးအပေါ်တွင် ရည်ရွယ်ကြောင်း သိရသည်။ Brexit ၀န်ကြီး Dominic Raab က ၂၀၁၆ ခုနှစ် Brexit ထောက်ခံမှုရလဒ်နှင့် စီးပွားရေးလိုအပ်ချက်များကို လေးစားလိုက်နာမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
EU ၏ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ ဥက္ကဋ္ဌ Michel Barnier ကမူ အဆိုပါ အဆိုပြုချက်များသည် အလုပ်ဖြစ်ရန်လိုအပ်သည်ဟု အခိုင်အမာတောင်း ဆိုလိုက်ကြောင်း သိရသည်။ ထို့ပြင် ဗြိတိန်၏အစပျိုးဆောင်ရွက်မှုသည် EU ၏ လမ်းညွှန်းချက်များ နှင့် အံဝင်ခွင်ကျဖြစ်ရန်လိုအပ်ပြီး အပိုကုန်ကျမှုများနှင့် ကြိုးနီစနစ်ကိုဖန်းတီးမှုများမပြုလုပ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့ ကြောင်းလည်း သိရသည်။ ဗြိတိန်အနေဖြင့် လာမည့် ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်တွင် EU မှနှုတ်ထွက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
Ref: BBC News