images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကအလယ်အလတ်တန်းစားတင်ပို့ကုန်ပစ္စည်းများအပေါ် ထိုခိုက်စေနိုင်ဟုတောင်ကိုရီးယားသတိပေး
နောင်နောင် Thursday, 12 July 2018
အမေရိကန်နှင့် တရုတ်နိုင်ငံအကြားကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားမှုအရှိန်အဟုန်မြင့်တက်လာခြင်းသည် အိမ်သုံးပစ္စည်းများ၊ ကွန်ပျူတာများနှင့် ဆက်သွယ်ရေးဆိုင်ရာကိရိယာများတွင် အသုံးပြုသည့်၎င်း၏အလယ်အလတ်တန်းစားတင်ပို့ကုန်များအပေါ်တွင် ထိခိုက်မှုဖြစ်စေနိုင်သည်ဟုတောင်ကိုရီးယားအစိုးရကယနေ့တွင် သတိပေးပြောကြားလိုက်ကြောင်းသိရသည်။ တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီးကကုန်သွယ်ရေးစစ်ပွဲသည် အချိန်ကြာမြင့်ပြီးပျံ့နှံ့သွားနိုင်ဖွယ် ရှိကြောင်းနှင့် ကုန်သွယ်ရေးကဏ္ဍ၏ စီးပွားရေးသက်ရောက်မှုကိုကိုင်တွယ်ဖြေရှင်းရန် တုန့်ပြန်ဆောင်ရွက်မှုများနှင့် အနာဂတ်ဖြစ်နိုင်ချေများကို ပြင်ဆင်ဆောင်ရွက်သွားမည်ဟုကြေငြာချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ယမန်နေ့တွင် တရုတ်အစိုးရကအမေရိကန်အစိုးရအား ကြီးနိုင်ငယ်ညှဉ်းပြုလုပ်သူအဖြစ် စွပ်စွဲပြောကြားခဲ့ပြီး ၎င်းအနေဖြင့်ထရန့်အစိုးရ၏ တရုတ်ကုန်ပစ္စည်းများတန်ဘိုးဒေါ်လာ ၂၀၀ ဘီလီယံအပေါ်တွင် ၁၀ ရာခိုင်နှုန်းအခွန်ကောက်ခံမည်ဟု ခြိမ်းခြောက်လိုက်ခြင်းအပေါ် ပြန်လည်လက်တုန့်ပြန်ဆောင်ရွက်သွားမည်ဟုသတိပေးပြောကြားခဲ့သည်။
အမေရိကန်နှင့် တရုတ်တို့သည် တောင်ကိုရီးယား၏ အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့်အလျောက် အဆိုပါ မြင့်တက်လာသည့် ကုန်သွယ်ရေးတင်းမာမှုများသည် အာရှ၏ စတုတ္ထမြောက်စီးပွားရေးအင်အားအကြီးမားဆုံးဖြစ်သည့် တောင်ကိုရီးအပေါ် အန္တရာယ်များကိရောက်လာခြင်းဖြစ်သည်။ အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မည်သည့် ကုန်ပစ္စည်းများအပေါ် ရိုက်ခတ်မှုများရှိလာမည်ဆိုသည်ကိုအသေးစိပ်လေ့လာစိစစ်နေကြောင်းတောင်ကိုရီးယား ဒုတိယကုန်သွယ်ရေးဝန်ကြီးKang Sung-chunကပြောကြားခဲ့သည်ဟုသိရသည်။ သက်ရောက်မှုများဟာအဆိုးအကောင်းရောပြွန်းနေပြီးကောင်းမွန်သည့် သက်ရောက်မှုရောဆိုးရွားသည့် သက်ရောက်မှုများပါ ရှိလာနိုင်သည်ဟုသိရသည်။ ပြီးခဲ့သည့် ဇွန်လတွင် တရုတ်သို့ တောင်ကိုရီးယားတင်ပို့မှုသည် ၃၀ ရာခိုင်နှုန်းခုန်တက်သွားကြောင်းသိရသည်။
Ref: Reuters