images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ရေဘေးကြောင့် ဂျပန်တွင် ကူးစက်ရောဂါများဖြစ်ပွားဖွယ်ရှိ
Thursday, 12 July 2018
ဂျပန်နိုင်ငံရှိ ရေဘေးဒဏ်ခံခဲ့ရသော ဒေသများတွင် စားနပ်ရိက္ခာနှင့်သောက်သုံး ရေလိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိသော ကြောင့် ကာလဝမ်းရောဂါကဲ့သို့ ကူးစက် ရောဂါများဖြစ်ပွားလာဖွယ်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သတိပေး ချက်ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၃၆ နှစ်အတွင်း အဆိုးရွား ဆုံးဟုသတ်မှတ်နိုင်သည့် ရေဘေးဒဏ်ကို ရင်ဆိုင်ခဲ့ရခြင်းကြောင့် ဂျပန်နိုင်ငံတွင် သေဆုံးသူ ၂ဝဝ နီးပါးခန့်ရှိခဲ့ကာ အိမ်ခြေ နှစ်သိန်းခန့် ထိခိုက်ပျက်စီးခဲ့သည်။ ဂျပန် အစိုးရက ရေဘေးဒဏ်ခံခဲ့ရသည့်ဒေသများ တွင် ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးလုပ် ငန်းစဉ်များကို ထိရောက်မှုရှိအောင်ဆောင် ရွက်လျက်ရှိသော်လည်း ရေဘေးဒဏ်သင့် ခဲ့သည့် ပြည်သူအားလုံးကို စားနပ်ရိက္ခာ နှင့်သောက်သုံးရေ လုံလောက်မှုရှိအောင် ထောက်ပံ့နိုင်ရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေသည်။
NG(Ref; Reuters)