images
UN
UN
ဂူအတွင်း ပိတ်မိခဲ့သည့် ထိုင်းကလေးငယ်များ၏ဖြစ်စဉ်ကို ရုပ်ရှင်ရိုက်မည်
Thursday, 12 July 2018
ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂူအတွင်း၌ပိတ်မိခဲ့သော ထိုင်း ကလေးငယ်များနှင့်နည်းပြဖြစ်သူတို့၏ ဖြစ်စဉ်အား ဟောလိဝုဒ်မှရုပ်ရှင် ရိုက်ကူးရန်ကြိုးပမ်းလျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
ဂူအတွင်း၌ အများဆုံး ၁၇ ရက်ကြာအထိ နေထိုင်ခဲ့ရသည့်အပြင် ဂူပြင်ပသို့ပိတ်မိသူအားလုံးအား အသက်အန္တရာယ်ထိခိုက်ခြင်းမရှိအောင် ကယ်ထုတ်နိုင်ခဲ့ခြင်းကြောင့် ထူးခြားသည့်ဖြစ်စဉ်တစ်ရပ်အဖြစ်သတ်မှတ် ကာ ရုပ်ရှင်ရိုက်ကူးရန်ကြိုးပမ်းနေခြင်းဖြစ်သည်။ ဂူအတွင်း၌ ပိတ်မိ နေချိန်တွင် ကလေးငယ် ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့သည် လာရောက် ကယ်ဆယ်မည့်သူများ ရောက်မရောက် သေချာသိရှိခြင်းမရှိသော်လည်း စိတ်ဓာတ်ကျဆင်းခြင်းမရှိဘဲ အသက်ရှင်သန်အောင်နေထိုင်နိုင်ခဲ့ခြင်း အပေါ် ဂုဏ်ပြုသည့်အနေဖြင့် ရုပ်ရှင်ရိုက်ကူးလိုခြင်းဖြစ်ကြောင်း ဟောလိ ဝုဒ်ရုပ်ရှင်ရိုက်ကူးရေးကုမ္ပဏီတစ်ခုက သတင်းထုတ်ပြန်ခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ချီလီမိုင်းတွင်းတစ်ခုပြိုကျမှုကြောင့် မြေအောက်တွင် ၆၉ ရက်ကြာ ပိတ်မိနေခဲ့သောအလုပ်သမား ၃၃ ဦးအား ကယ်ထုတ်ခဲ့သည့် ဖြစ်စဉ်ကို အခြေခံရိုက်ကူးခဲ့သည့်ွှ့န ၃၃ ရုပ်ရှင်အား ၂ဝ၁၅ ခုနှစ်က ရုံတင်ခဲ့ရာတွင် မျှော်မှန်းထားသည်ထက် ပိုမိုအောင်မြင်ခဲ့ဖူးသည်။
NG(Ref;Xinhua)