images
UN
UN
နေတိုးအဖွဲ့၏ကာကွယ်ရေးအသုံးစရိတ်အတွက် ဂျာမနီနှင့်အမေရိကန်အငြင်းပွား အာဖဂန်နစ္စတန်အရေးကို ဦးစားပေးဖြေရှင်းရန်ဆုံးဖြတ်
Thursday, 12 July 2018
နေတိုးအဖွဲ့၏ညီလာခံအား ဘရပ်ဆဲလ် မြို့တွင်ကျင်းပလျက်ရှိရာတွင် အဖွဲ့၏ကာကွယ် ရေးအသုံးစရိတ် ထည့်ဝင်မှုနှင့်ပတ်သက်၍ ဂျာမနီနှင့်အမေရိကန်ကြားတွင် အငြင်းပွားမှု များဖြစ်ပေါ်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများထဲတွင် စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သော ဂျာမနီ ၏ကာကွယ်ရေးအသုံးစရိတ်ထည့်ဝင်မှုမှာ အခြားအဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက သိသိသာသာနည်းပါးသကဲ့သို့ဖြစ်နေခြင်း ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တိုးမြှင့်ထည့်ဝင်ရန် တိုက်တွန်းရာမှတစ်ဆင့် အပြန်အလှန်အငြင်းပွားမှု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ဒေါ်နယ်ထရန့်က ဂျာမနီအနေဖြင့် စုစုပေါင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ လေးရာခိုင်နှုန်းအား ကာကွယ်ရေးစရိတ်အဖြစ် အသုံးပြုရန်တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ထို့ အပြင် အခြားအကြောင်းအရာများအား ဆွေးနွေး ခဲ့ရာတွင် နေတိုးတပ်ဖွဲ့ဝင်များတပ်စွဲနေရဆဲ ဖြစ်သည့် အာဖဂန်နစ္စတန်အရေးအား ဦးစား ပေးဖြေရှင်းရန် ဆုံးဖြတ်ခဲ့သည်။ ဒေါ်နယ် ထရန့်သည် ဂျာမနီနှင့်အငြင်းပွားမှုများဖြစ်ပွား ခဲ့ရာတွင် နိုင်ငံအတွင်းသို့ သဘာဝဓာတ်ငွေ့ တင်သွင်းမှုများပြုလုပ်ရာတွင် ဂျာမနီအနေဖြင့် ရုရှားမှရောင်းချသော သဘာဝဓာတ်ငွေ့များ ကို ပမာဏများပြားစွာဝယ်ယူနေခြင်းကိုလည်း ထောက်ပြကာ ဝေဖန်မှုများပြုလုပ်ခဲ့သည်။
NG(Ref;BBC)