images
UN
UN
စက်တင်ဘာလဆန်းပိုင်းတွင် iPhone မော်ဒယ်သစ် သုံးမျိုးအား ဈေးကွက်တင်မည်
Thursday, 12 July 2018
Apple ကုမ္ပဏီသည် စက်တင်ဘာလဆန်းပိုင်းတွင် ကုမ္ပဏီထုတ် ကုန်စည်အသစ်များအား မိတ်ဆက်ကာ ဈေးကွက်တင်ရန်စီစဉ်ထားရာ တွင် iPhone မော်ဒယ်သစ် သုံးမျိုးကိုပါ ထည့်သွင်းထားကြောင်း နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြသည်။
ကုန်စည်သစ်များနှင့်ပတ်သက်၍ အသေးစိတ်သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း iPhone မော်ဒယ်သစ် သုံးမျိုးထဲတွင် ဈေးနှုန်း မြင့်မားမည့် မော်ဒယ်တစ်မျိုး၊ ပုံမှန်ဈေးနှုန်းမျိုးသာရှိမည့် မော်ဒယ် တစ်မျိုးနှင့် ပုံမှန်ရောင်းချလေ့ရှိသည့်ဈေးနှုန်းထက် သိသိသာသာနည်း ပါးသည့်ဈေးနှုန်းဖြင့် ရောင်းချမည့်မော်ဒယ်တစ်မျိုးပါဝင်မည်ဖြစ်ကြောင်း Apple ကုမ္ပဏီနှင့်နီးစပ်သော သတင်းရင်းမြစ်များက အတည်ပြုခဲ့ကြ သည်။ ယခင်ကတည်းက Apple ကုမ္ပဏီက မိတ်ဆက်မည့်ထုတ်ကုန် သစ်များကို ကြိုတင်ခန့်မှန်းမှုများပြုလုပ်ရာတွင် ရာနှုန်းပြည့်နီးပါးမှန်ကန် ခဲ့သည့် မင်ချီကူရိုကလည်း iPhone မော်ဒယ်သစ် သုံးမျိုး မိတ်ဆက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စွမ်းဆောင်ရည်အမြင့်ဆုံးအဖြစ် သတ်မှတ် ခံရမည့် iPhone မော်ဒယ်သစ်တစ်မျိုးပါဝင်လာမည်ဖြစ်ကာ ယမန်နှစ်က ဈေးကွက်တင်ခဲ့သော iPhone X ကိုအခြေခံထုတ်လုပ်ထားခြင်းဖြစ် ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
NG(Ref;NY Times)