images
UN
UN
ယစ်မျိုးဆိုင်ရာဥပဒေနှင့် နည်းဥပဒေများ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းပွဲကျင်းပ
မိုဃ်းကျ(မြစ်ကြီးနား) Thursday, 12 July 2018
ကချင်ပြည်နယ် ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁ဝနာရီခွဲက ယစ်မျိုးဆိုင်ရာ ပြဿနာများမဖြစ်ပွားစေရေး ယစ် မျိုးဆိုင်ရာဥပဒေနှင့် နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများ ရှင်း လင်းပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်းက ရွှေကူမြို့နယ်အတွင်း ယစ်မျိုး ရောင်းချသူများနှင့်စပ်လျဉ်း၍ ယစ် မျိုးရောင်းချမှုလုပ်ငန်းများကိုဥပဒေ အပြင်မှ လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုက ယစ်မျိုးရောင်းချမှု လုပ်ငန်းများကို တရားဝင်ရောင်းချ နိုင်ရန် တာဝန်ရှိသူများက လိုင်စင် အမျိုးအစားအလိုက် လုပ်ကိုင်ခွင့် များဆောင်ရွက်ပေးထားကြောင်း၊ ဆောင်ရွက်ပေးထားမှုနှင့် အညီ ဥပဒေ၊နည်းဥပဒေများအတိုင်းလိုက် နာဆောင်ရွက်ကြစေလိုကြောင်းရှင်း လင်းမှာကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေး မှူး ဦးထွန်းချစ်က ယစ်မျိုးရောင်း ချရေး လိုင်စင်ထုတ်ပေးခြင်းမှာ ဒေသခံပြည်သူများအား အရက် သေစာသောက်စားခြင်းကို အား ပေးအားမြှောက်ပြုခြင်းမဟုတ်ပါ ကြောင်း၊ ရွှေကူမြို့နယ်အတွင်း ယစ်မျိုးရောင်းချသည့်ဆိုင် ၅ဝ ကို လိုင်စင်အမျိုးအစားအလိုက် ခွင့်ပြု ပေးပြီးဖြစ်ကြောင်း၊ သတ်မှတ် စည်းကမ်းများအတိုင်း ရောင်းချ ရန်လည်းညွှန်ကြားထားပြီးဖြစ် ကြောင်း ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများက တရား မဝင်အရက်ပုန်းရောင်းချသူများ အား အရေးယူရေးကိစ္စ၊ အခွန်တိုး မြှင့်ကောက်ခံခြင်းဆိုင်ရာ တို့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေ ကြားသည်။ အခမ်းအနားသို့ အင် အား ၃ဝ ကျော် တက်ရောက် ကြောင်း သိရသည်။