images
UN
UN
ကချင်ပြည်နယ်အတွင်း ခုတင် ၁ဝဝနှင့် ခုတင်၁ဝဝအောက် ဆေးရုံများအတွက် ဆေးနှင့်ဆေးပစ္စည်းများတင်ဒါစစ်ဆေး
မိုဃ်းကျ(မြစ်ကြီးနား) Thursday, 12 July 2018
ကချင်ပြည်နယ် ကုသရေးဦး စီးဌာနမှ ကြီးမှူး၍ ယခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လတာ ကာလအတွင်း ပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်တွင် ဖွင့်လှစ် ထားသည့် ခုတင် ၁ဝဝနှင့် ခုတင် ၁ဝဝအောက် ဆေးရုံများအတွက် ဆေးနှင့်ဆေးပစ္စည်းများ တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းလုပ်ငန်း အား ယမန်နေ့ နံနက် ၁ဝနာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ်ကုသရေးဦးစီးဌာန မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါဆေးနှင့် ဆေးပစ္စည်း များတင်ဒါဖွင့်လှစ်ဆောင်ရွက်ရာ တွင် တင်ဒါလက်ခံရေးနှင့် စိစစ် ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်စိုး၊ အတွင်းရေးမှူးလက် ထောက်ညွှန်ကြားရေးမှူး ဒေါက် တာမြတ်နိုးထင်အောင်မြင့်၊ အဖွဲ့ ဝင်များအဖြစ် ဒေါက်တာမင်းဌေး၊ ဒေါက်တာနန္ဒာဝင်းမြင့်(လုပ်ငန်း အရာရှိ)၊ ဦးကျော်မြင့်(ဓာတ်ခွဲ)နှင့် တာဝန်ရှိသူ ၁၁ဦးက တင်ဒါ လျှောက်လွှာတင်သွင်းသည့်ကုမ္ပဏီ ၂၈ ခုမှ စာရွက်စာတမ်းများတွင် လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ အခွန်ကင်း ရှင်းကြောင်းထောက်ခံချက်ပါ/မပါ၊ ဆေးနမူနာပါရှိခြင်းရှိ/မရှိ၊ ကုမ္ပဏီ သက်တမ်းတိုးထားခြင်း ရှိ/မရှိ၊ ယှဉ်ပြိုင်မည့် ဆေးအမည်စာရင်း ပါရှိခြင်းရှိ/မရှိတို့ကိုဦးစွာစစ်ဆေးပြီး ကုမ္ပဏီများမှ ဆေးနှင့်ဆေးပစ္စည်း အမျိုးအစားအလိုက် တင်ဒါ ယှဉ်ပြိုင်သည့်ပစ္စည်းများအားအမျိုး အမည်အလိုက်စာရင်းဖတ်ကြားပြီး တင်ဒါစည်းကမ်းများအတိုင်း မှတ်တမ်းသွင်းပြုစုခဲ့ကြသည်။
ကချင်ပြည်နယ်ကုသရေးဦးစီး ဌာနအောက်တွင် မိုးညှင်းမြို့နှင့် ပူတာအိုမြို့တို့၌ ခုတင် ၁ဝဝဆံ့ ဆေးရုံနှစ်ရုံ၊ အခြားမြို့နယ်များ၌ ခုတင် ၅ဝဆံ့ ဆေးရုံငါးရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံ ၁၅ရုံနှင့် ၁၆ ခုတင်ဆံ့ ဆေးရုံ ၃၄ရုံစုစုပေါင်း ဆေးရုံ ၅၆ရုံအတွက် ဆေးနှင့် ဆေးပစ္စည်း ၂၅၅မျိုးအား ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း ၃၆ဝ အကုန် အကျခံကာ ဝယ်ယူသွားမည်ဖြစ် ပြီး ပြည်နယ်အစိုးရအဖွဲ့၏ လမ်း ညွှန်မှုဖြင့် တင်ဒါအောင်မြင်သည့် ဆေးနှင့် ဆေးပစ္စည်းများအား ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ် ကြောင်း သိရသည်။