images
UN
UN
လောင်းလုံးဘုတ်ကျွန်း ပွင့်လင်းရာသီလည်ပတ်နိုင်မည်
Dawei Watch Thursday, 12 July 2018
ထားဝယ်ဒေသရှိ လောင်းလုံး ဘုတ်ကျွန်းပေါ်ရှိ ကမ်းခြေနှစ်ခုကို ပွင့်လင်းရာသီအမီ လည်ပတ်ခွင့် ရတော့မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး က ပြောကြားသည်။
''ခရီးသွားလုပ်ငန်းနဲ့ပတ်သက် ပြီး လိုအပ်တဲ့ညွှန်ကြားချက်တွေ ထုတ်ပြီးရင်ခွင့်ပြုနိုင်ပြီ''ဟုဝန်ကြီး က ပြောသည်။
၂ဝ၁၅ ခုနှစ်နှောင်းပိုင်းမှစကာ လောင်းလုံးဘုတ်ကျွန်းရေအောက် တွင်ရှိသည့် သန္တာကျောက်တန်း အလှများကို စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားအများ အပြား လာရောက်လည်ပတ်ခဲ့ကြ သည်။
လောင်းလုံးဘုတ်ကျွန်းသို့ သွား လာလည်ပတ်မှုမြင့်တက်ခဲ့ပြီး၂ဝ၁၆ ခုနှစ် ဧပြီလတွင် အဆိုပါကျွန်းကို လုံခြုံရေးအရ တားမြစ်နယ်မြေ ဖြစ်၍ ခရီးသွားလုပ်ငန်းများ လုပ် ဆောင်းခြင်းမပြုရန် ထုတ်ပြန်ခဲ့ သည်။
ယခင် ကျွန်းသို့သွားရောက် စဉ်က ဒေသခံသစ်သားငါးဖမ်း လှေများဖြင့် သွားရောက်လည်ပတ် နေကြရာမှ ယခု သွားခွင့်ပြုချိန် တွင်မူ လူဦးရေ ၃ဝ ကျော် စီးနင်း နိုင်သည့် ရေယာဉ်ဖြင့်သာ သွား ခွင့်ပြုမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။
''စက်တင်ဘာလလောက် ဆို ရင်တော့ စည်းမျဉ်းစည်းကမ်းတွေ ကို နောက်ဆုံးထုတ်ပြန်ပေးမှာ ပေါ့''ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
အောက်တိုဘာလမှ ဧပြီလ အထိကို ခရီးသွားကာလအဖြစ် သတ်မှတ်ထားကြောင်း အထက်ပါ ရုံးထံမှ သိရသည်။
စမ်းလှမ်းရွာမှ လောင်းလုံး ဘုတ်ကျွန်းအထိ ရေမိုင် ၁ဝ မိုင် နီးပါး အကွာအဝေးရှိသည်။
လောင်းလုံးဘုတ်ကျွန်းသို့လည် ပတ်ခွင့်ပြုမည်ဆိုပါက ထားဝယ် ဒေသအတွင်း ခရီးသည်ဝင်ရောက် မှု မြင့်တက်လာနိုင်သည့်အတွက် ကြိုဆိုကြောင်း ထားဝယ်ခရိုင် ခရီး သွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ပြောသည်။
''စပိဘုတ်တွေနဲ့မှ သွားခွင့်ပြု မယ့်အစား ဒေသခံတွေ အဆင်ပြေ အောင် ခရီးသည်တင်နိုင်တဲ့ သစ် သားလှေတွေကိုလည်း ခွင့်ပြုသင့် တယ်''ဟု ဒေါ်မိုးမိုးသူက ပြော သည်။