images
UN
UN
ကော့သောင်းမြို့အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါမဖြစ်ပွားရေးခြင်နှိမ်နင်းမှုလုပ်ငန်းများဆောင်ရွက်
ကျော်စိုး(ကော့သောင်း) Thursday, 12 July 2018
ကော့သောင်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့နှင့် ပြည်သူ့ကျန်း မာရေးဌာနပူးပေါင်း၍ကော့သောင်း မြို့ပေါ်ရပ်ကွက် အခြေခံပညာ ကျောင်းများကို မိုးရာသီတွင် ဖြစ် ပွားတတ်သည့်ရောဂါများမဖြစ်ပွား ရေး ခြင်နှိမ်နင်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက လိုက်လံ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။
ခြင်နှိမ်နင်းမှုလုပ်ငန်းအဖြစ် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းကို ကော့ သောင်းမြို့ပေါ်ရပ်ကွက် စာသင် ကျောင်းများဖြစ်သည့် အောင်သုခ ရပ်ကွက်၊ အေးမြကန်သာရပ်ကွက် နှင့် သီရိမြိုင်ရပ်ကွက်များရှိ အခြေခံပညာမူလတန်း၊ အလယ် တန်းနှင့် အထက်တန်းကျောင်း များ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအပါအဝင်ကျောင်းခြောက် ကျောင်းရှိ ကျောင်းသားကျောင်း သူများ မိုးရာသီအတွင်း ဖြစ်ပွား တတ်သည့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများ မဖြစ်ပွားရေး၊ ကျောင်းသားကျောင်းသူများရောဂါ ဘယကင်းဝေးစွာ ပညာသင်ကြား နိုင်ရေးရည်ရွယ်ချက်ဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းအုပ်ဆရာကြီး အပါအဝင် ကျောင်းအကျိုးတော်ဆောင်များက စာသင်ခန်းများတွင် ခြင်များခို အောင်းနိုင်သော နေရာများကို ခြင်ဆေးများမှုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကော့ သောင်းမြို့အနေဖြင့် မြို့ပေါ်(၁ဝ) ရပ်ကွက်ရှိရာ ကျန်ရှိသည့်ရပ်ကွက် များ၏စာသင်ကျောင်းများသို့လည်း ခြင်နှိမ်နင်းမှုလုပ်ငန်းများဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။