images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ငွေကျပ် ၂၄ဝဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
မိုဃ်းကျ(မြစ်ကြီးနား) Thursday, 12 July 2018
ကချင်ပြည်နယ် ရွှေကူမြို့နယ် အတွင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းအား တာဝန် ရှိသူများမှ အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာယမန်နေ့ ညပိုင်းက ငွေကျပ် ၂၄ဝဝဝဝ တန်ဖိုးရှိ စိတ်ြ<ွကရူးသွပ်ဆေးပြားများနှင့်အတူ လူငယ်သုံးဦးအား ဖမ်းဆီးရမိခဲ့ သည်။
ဖြစ်စဉ်မှာ ယမန်နေ့ ည ၇ နာရီက ရွှေကူမြို့မရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်အောင်မင်းနှင့် တပ်ဖွဲ့ဝင်များ သည် မူးယစ်ဆေးဝါးသတင်းအရ ရွှေကူမြို့နယ် တောပုန်းကျေးရွာ အုပ်စု ရွှေဂဲကုန်းကျေးရွာနေ ကျော် သူရ၏နေအိမ်အား ဝင်ရောက်ရှာ ဖွေရာ နေအိမ်၌ငှားရမ်းနေထိုင် သည့် မအေးမြတ်မိုး(၃၄နှစ်)၊ ထွန်းထွန်းဝင်း(၂၇နှစ်)နှင့် ဖြိုး သီဟကျော်(၂၈နှစ်)တို့သုံးဦးအား နေအိမ်ဧည့်ခန်းတွင်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်သက် ငယ်အမိုးကြားမှအပြာရောင်ကပ်ခွာ အိတ်အတွင်းငွေကျပ်၂၄ဝဝဝဝတန်ဖိုး ရှိ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၂ဝ၊ မူးယစ်ဆေးဝါး ရောင်းရငွေကျပ် ၁၁၅ဝဝဝအား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်ကြောင့် မူးယစ်ဆေး ဝါးများနှင့်အတူတွေ့ရှိသည့် မအေး မြတ်မိုး၊ ထွန်းထွန်းဝင်းနှင့်ဖြိုး သီဟကျော် ရွှေကူမြို့နေသူ သုံးဦး အား ရွှေကူမြို့မရဲတပ်ဖွဲ့စခန်းမှ မယ(ပ)၂၈/ ၂ဝ၁၈၊မူး/စိတ်ပုဒ်မ ၁၉(က)/၂ဝ(က)/၂၁အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။